ဇာတ်ကားများ ရွေးရန်

Hall Pass

2011ဇာတ်ကားအမှတ် 5.7/10105 မိနစ်

Hall Pass (2011) IMDB : 5.9 Rotten Tomatoes : 32% Genre : Comedy / Romance "ဒီတစ်ပတ်လုံး ကြိုက်တာလုပ်၊ တခြားမိန်းကလေးတွေနဲ့ တွဲချင်တွဲ အပြည့်အဝ လွတ်လပ်ခွင့်ပေးတယ်" ဆိုပြီး ခင်ဗျားဇနီးက ခွင့်ပြုချက် (Hall Pass) ပေးလိုက်ရင် ဘာလုပ်ကြမလဲ Hall Pass ကတော့ အိမ်ထောင်သက်ရင့်လာလို့ ရိုးအီလာတဲ့ ယောကျာ်းနှစ်ယောက်အကြောင်း ရိုက်ကူးထားတဲ့ ဟာသဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။ Rick (Owen Wilson) နဲ့ Fred (Jason Sudeikis) တို့ သူငယ်ချင်းနှစ်ယောက်ဟာ အိမ်ထောင်ကျတာ ကြာပြီဖြစ်လို့ သူတို့ရဲ့ အိမ်ထောင်ရေးဟာ နည်းနည်း ငြီးငွေ့စရာ ဖြစ်လာပါတယ်။ မိန်းမတွေကို ချစ်ပေမယ့် အပြင်က လှပတဲ့ ကောင်မလေးတွေကို တွေ့ရင်တော့ ငမ်းချင်ကြတဲ့ သာမန် ယောကျာ်းတွေပေါ့လေ။ သူတို့ရဲ့ ဒီလို အခြေအနေကို ရိပ်မိတဲ့ ဇနီးသည်တွေက သူတို့နှစ်ယောက်ကို တစ်ပတ်တိတိ ဘာလုပ်လုပ် စိတ်ကြိုက်၊ ဘာပြဿနာမှ မရှာဘူးဆိုတဲ့ လွတ်လပ်ခွင့် "Hall Pass" ကို ပေးလိုက်ပါတယ်။ လူပျိုဘဝတုန်းကလို ကောင်မလေးတွေ အများကြီးနဲ့ ပျော်ပါးဖို့ စိတ်ကူးယဉ်ထားတဲ့ သူတို့နှစ်ယောက် တကယ်တမ်း အပြင်လောကထဲ ရောက်သွားတဲ့အခါ ထင်သလိုဖြစ်မလာဘဲ လွဲချော်မှုတွေ၊ အခက်အခဲတွေနဲ့ အူတက်အောင် ရယ်ရတဲ့ အဖြစ်အပျက်တွေ ဖြစ်လာတဲ့အခါ ဘာတွေဆက်ဖြစ်လာမှာလဲ ခံစားကြည့်လိုက်ပါ။

ဇာတ်လမ်းအကြောင်း