Dhruva
ဆင်းရဲတဲ့ဘဝမှာ မွေးဖွားလာတဲ့ Siddharth Abimanyu ဟာ ပါတီခေါင်းဆောင်တစ်ယောက် ကျူးလွန်ခဲ့တဲ့ လူသတ်မှုကို ကိုယ်စားအပြစ်ခံပေးရင်း ကိုယ့်အတွက် အကျိုးအမြတ်ထုတ်တတ်သူပါ။ ထက်မြက်တဲ့သူဟာ နောက်ပိုင်းမှာ သိပ္ပံပညာရှင်တစ်ယောက် ဖြစ်လာပေမယ့် အပြင်ပန်းကောင်းမွန်တဲ့ ပုံရိပ်နောက်မှာ ဆိုးယုတ်မှုတွေကို ဖုံးကွယ်ထားပါတယ်။ Dhruva ကတော့ အသက် ၁၅ နှစ်ကတည်းက မြင်တွေ့ကြုံခဲ့ရတဲ့ မတရားမှုတွေကို မုန်းတီးခဲ့သူပါ။ ရဲအရာရှိဖြစ်လာချိန်မှာ ပြစ်မှုတစ်ခုကို ကျူးလွန်သူတင်မကဘဲ နောက်ကွယ်က ကြိုးကိုင်သူတွေကိုပါ အမြစ်ပြတ်ရှင်းလင်းချင်တဲ့ သူဟာ Siddharth နဲ့ အားပြိုင်ရပါတော့တယ်။ သာမန်ပြစ်မှုအသေးလေးတွေကို ဗန်းပြပြီး နောက်ကွယ်မှာ ပိုကြီးတဲ့ပြစ်မှုတွေ ရှိနေမယ်ဆိုရင် ဘယ်လိုဖြစ်မလဲဆိုတဲ့ မေးခွန်းနဲ့အတူ ဆေးဘက်ဆိုင်ရာ ရာဇဝတ်မှုတွေကို အခြေခံကာ ကွင်းဆက်တွေ ချိတ်ဆက်ထားပါတယ်။ ပြည်သူ၊ နိုင်ငံရေးသမားနဲ့ စီးပွားရေးသမားတို့ကြား အာဏာသက်ရောက်မှုတွေကိုလည်း ထည့်သွင်းထားတဲ့ ဒီမှုခင်းသည်းထိတ်ရင်ဖိုကားဟာ ၂၀၁၅ ခုနှစ်ထွက် Thani Oruvan ကို ပြန်လည်ရိုက်ကူးထားတာပါ။
ဇာတ်လမ်းအကြောင်း