ဇာတ်ကားများ ရွေးရန်

Grumpier Old Men

1995ဇာတ်ကားအမှတ် 6.5/10101 မိနစ်

ဒီဇာတ်ကားကတော့ ပထမကား Grumpy Old Men ရဲ့ အဆက်ဖြစ်ပြီး Wabasha မြို့လေးက နာမည်ကျော် ရန်ဘက်အဖိုးကြီးနှစ်ယောက်ဖြစ်တဲ့ "John Gustafson " နဲ့ "Max Goldman" တို့ရဲ့ အလွဲတွေကို ဆက်လက်တင်ဆက်ထားတာပါ။ အခုတစ်ခေါက်မှာတော့ သူတို့နှစ်ယောက်ဟာ အရင်လိုပဲ ငါးမျှားရင်း အချင်းချင်း ပြိုင်ဆိုင်နေကြတုန်းပါပဲ။ ဒါပေမဲ့ သူတိုရဲ့ ရန်ပွဲတွေကြားထဲက မာရီယာ ရောက်ရှိလာတဲ့အခါမှာတော့ အခြေအနေတွေက ဗြောင်းဆန်လာပါတော့တယ် ​သူတို အမြဲသွားနေကျ ငါးမျှားပစ္စည်းဆိုင်ကို "မာရီယာ" က အီတလီစားသောက်ဆိုင်အဖြစ် ပြောင်းလဲပစ်လိုက်တာကို "ဂျွန်"နဲ့ "မက်စ်" က အကြီးအကျယ် မကျေနပ်​ဖြစ်ခဲ့ကြတာပါ။ သူတို့နှစ်ယောက်ပူးပေါင်းပြီး မာရီယာရဲ့စားသောက်ဆိုင်ကို နှောင့်ယှက်ဖို့ ကြိုးစားကြပါတော့တယ်။ "အချစ်ဟာ အသက်အရွယ်မရွေးဘူး"ဆိုတဲ့အတိုင်း "မာရီယာ" ကို နှောင့်ယှက်ရင်း "မက်စ်" တစ်ယောက် "မာရီယာ" အပေါ် စိတ်ဝင်စားသွားတဲ့အခါမှာတော့ ​အခြေအနေတွေက ဘယ်လိုပြောင်းလဲသွားမလဲ... အဖိုးကြီးနှစ်ယောက်ရဲ့ အပြန်အလှန် "အချစ်ကြီးလို့ အမျက်ကြီး" တဲ့ ရန်ပွဲလေးတွေကို ကြည့်ရင်း အသက်အရွယ်ဆိုတာ ကိန်းဂဏန်းတစ်ခုသာဖြစ်ပြီး လူတစ်ယောက်ရဲ့ ရင်ဘတ်ထဲက နုပျိုမှုနဲ့ ချစ်ခြင်းမေတ္တာဟာ ဘယ်တော့မှ အိုမင်းမသွားဘူးဆိုတာကို သိလာရပါလိမ့်မယ်။

ဇာတ်လမ်းအကြောင်း