ဇာတ်ကားများ ရွေးရန်

Abandoned

2022ဇာတ်ကားအမှတ် 5.8/10102 မိနစ်

Abandoned (2022) IMDb Rating (3.8) / Rotten Tomatoes (17%) ဆာရာနဲ့ခင်ပွန်းဖြစ်သူ အဲလက်စ်ရယ် သူတို့နှစ်ယောက်ရဲ့ သားဦးလေးတို့ဟာ ဝေးလံခေါင်ဖျားတဲ့တောအုပ်ထဲက လယ်တောအိမ်ကြီးတစ်ခုကို ပြောင်းရွှေ့လာခဲ့ကြပါတယ်။ ဆာရာဟာ မီးဖွားပြီးစ စိတ်ကျဝေဒနာကိုခံစားနေရပေမယ့် သားဖြစ်သူနဲ့ စိမ်းနေမှာစိုးလို့ ဆေးမသောက်ပဲ မိခင်နို့တိုက်ကျွေးဖို့ခေါင်းမာမာနဲ့ရွေးချယ်ခဲ့သူပါ။ အိမ်မဝယ်ခင်ကတည်းက အိမ်ကြီးရဲ့မကောင်းတဲ့ နောက်ကြောင်းကို သိခဲ့ပေမယ့် ဆက်တိုးခဲ့တဲ့ သူဟာ အိမ်ကြီးကိုရောက်ပြီးမကြာခင်မှာပဲ ထူးခြားတဲ့ အသံတွေ မြင်ကွင်းတွေကို စတင်မြင်ယောင်လာပြီး ဒါတွေဟာ သူ့ရဲ့စိတ်ဝေဒနာကြောင့်ပါလို့ ဘူးခံနေခဲ့ပါတယ်။ ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှ တစ်စထက်တစ်စ ပိုမိုပြင်းထန်လာတဲ့ ခြောက်လှန့်မှုတွေ၊ လက်တွေ့နဲ့ပိုပြီးကင်းကွာလာတဲ့ သူ့အပြုအမူတွေကြောင့် သူတို့နှစ်ယောက်ရဲ့အိမ်ထောင်ရေးနဲ့သားဖြစ်သူရဲ့အသက်အန္တရာယ်ကိုပါထိခိုက်လုနီးပါးဖြစ်လာချိန်မှာတော့ ဆာရာတစ်ယောက် သူ့စိတ်တွေကိုစုစည်းပြီး ဒီဖြစ်ရပ်တွေကို ရင်ဆိုင်အဖြေရှာဖို့ဖြစ်လာပါတော့တယ်။ ဇာတ်လမ်းဇာတ်အိမ်က သမားရိုးကျဆန်ပေမယ့် အမ်မာရောဘတ်ရဲ့ သရုပ်ဆောင်မှုက သိချင်စိတ်ကိုဆွဲခေါ်နိုင်ပြီး စိတ္တဇလား တကယ်အခြောက်အလှန့်ရှိနေတာလား ဆိုတဲ့ ပဟေဠိကိုပျောက်မသွားအောင်ထိန်းထားနိုင်ပါတယ်။ ဟော်ရာပရိသတ် အမ်မာရောဘတ် ပရိသတ်တွေအတွက် ကြည့်ပျော်တဲ့ ဇာတ်ကားတစ်ကားပါပဲ။ File size… (820 MB) / (560 MB) Quality…. Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre…. Horror,Mystery,Thriller Duration…. 01:42:55 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း