ဇာတ်ကားများ ရွေးရန်

Jacob's Ladder

1990ဇာတ်ကားအမှတ် 7.4/10113 မိနစ်

Jacob's Ladder (1990) IMDb Rating (7.4) / Rotten Tomatoes (71%) Shawshank မင်းသားကြီး Tim Robbins ရဲ့ Psychological Horror/Thriller လောကမှာ စံပြအဖြစ် သတ်မှတ်ခံထားရတဲ့ ဂန္ထဝင်ဇာတ်ကား ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ကြောက်စရာကောင်းရုံတင်မကဘဲ လူ့စိတ်ရဲ့ နက်နဲမှုနဲ့ ဝိညာဉ်ရေးရာဆိုင်ရာတွေကိုပါ မေးခွန်းထုတ်သွားတာပါ။ ဗီယက်နမ်စစ်ပြန် Jacob Singer (Tim Robbins) ဟာ စစ်ပွဲအတွင်းက ဒဏ်ရာတွေနဲ့ သေဆုံးသွားတဲ့ သူ့သားလေးရဲ့ အမှတ်တရတွေကြားမှာ ရုန်းကန်နေရသူပါ။ ဒါပေမဲ့ သူ့ရဲ့ဘဝဟာ တဖြည်းဖြည်းနဲ့ ပုံမှန်မဟုတ်တော့ဘဲ ထူးဆန်းတဲ့ မကောင်းဆိုးဝါးတွေကို မြင်လာရတာ၊ သူ့ကို တစ်ယောက်ယောက်က လိုက်လံသတ်ဖြတ်ဖို့ ကြိုးစားနေတာမျိုးတွေကို ခံစားလာရပါတယ်။ Jacob ဟာ သူမြင်နေရတဲ့အရာတွေက တကယ့်လက်တွေ့လား၊ ဒါမှမဟုတ် စိတ်ချောက်ချားမှု တွေလားဆိုတာကို ခွဲခြားဖို့ ကြိုးစားရင်း... ဗီယက်နမ်စစ်ပွဲတုန်းက သူ့အပေါ်မှာ စမ်းသပ်ခဲ့တဲ့ အစိုးရရဲ့လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ဖို့ ကြိုးစားပါတော့တယ်။ ဇာတ်လမ်းက တဖြည်းဖြည်းနဲ့ သေခြင်းနဲ့ ရှင်ခြင်း၊ ကောင်းကင်နဲ့ငရဲတို့ရဲ့ နယ်နိမိတ်တွေကြားမှာ ပရိသတ်ကိုပါ ဝေခွဲရခက်အောင် ခေါ်ဆောင်စီးမျောသွားမယ့် Thriller ဇာတ်လမ်းကောင်းတစ်ပုဒ်ပါ။ (ဝတ်လစ်စလစ် အခန်းတချို့ပါသောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါကြောင်း အသိပေးအပ်ပါသည်။) File size… (2.7 GB) / (1.4 GB) Quality…. Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama,Horror,Mystery Duration…. 01:55:18 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း