ဇာတ်ကားများ ရွေးရန်

Over My Dead Body

2012ဇာတ်ကားအမှတ် 6.5/10110 မိနစ်

Over My Dead Body (2012) ဆေးသုတေသနကုမ္ပဏီရဲ့ ဥက္ကဋ္ဌဂင်ဟာ နိုင်ငံတော်အဆင့် ထိပ်တန်းလျှို့ဝှက်ချက်ဖြစ်တဲ့ "လူလုပ်အရေပြား (Artificial Skin)" နည်းပညာအသစ်ပါတဲ့ မိုက်ခရိုချစ်ပ်ကို သူ့ရဲ့ လက်အရေပြားအောက်မှာ ခွဲစိတ်မြှုပ်နှံပြီး ပြည်ပဆီ တရားမဝင် ခိုးထုတ်ရောင်းချဖို့ ကြံစည်နေသူ ဖြစ်ပြီးတော့ အစိုးရနဲ့ အမှုစစ်တွေက တရားစွဲ ဖမ်းဆီးဖို့ လိုက်လံစုံစမ်းခဲ့ကြပေမဲ့ သက်သေမခိုင်လုံလို့ လွှတ်ပေးခဲ့ရပါတယ်။ ဒါပေမဲ့ သူ့ရဲ့လူယုံဖြစ်သူ စတီဗင်ဂျောင်က ငွေတွေအကုန် သိမ်းပိုက်ဖို့ ဥက္ကဋ္ဌကြီးကို သတ်လိုက်ပြီး ရင်ခွဲရုံကို ပို့လိုက်ရာကနေ ဇာတ်လမ်းက စတင်ပါတော့တယ်။ ဥက္ကဋ္ဌဂင်ရဲ့ လုပ်ရပ်တွေကို အပြင်းအထန် ကန့်ကွက်ခဲ့တဲ့ သုတေသီခေါင်းဆောင် ဟန်ဂျင်ဆုဟာ မသင်္ကာဖွယ် ကားတိုက်ခံရပြီး ဆေးရုံတင်လိုက်ရတဲ့အတွက် ဟန်ဂျင်ဆုရဲ့ သမီးဖြစ်သူ ဟန်ဒုံဟွာဟာ ဒေါသကြီးသူပီပီ ဥက္ကဋ္ဌဂင်ရဲ့ ဈာပနပွဲလုပ်နေတုန်းမှာ ရင်ခွဲရုံက အလောင်းကိုခိုးပြီး ပြန်ပေးဆွဲဖို့ ကြံစည်ရာကနေ ဟန်ဂျင်ဆုရဲ့ ဂျူနီယာဖြစ်သူ ဘတ်ဟျွန်းချောကလည်း ဒီပြန်ပေးဆွဲမှုမှာ ကြံရာပါဖြစ်လာပြီး သူ့ရဲ့ စီနီယာအတွက် လက်စားချေပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ တစ်ဖက်မှာလည်း အသက်အာမခံကြေးရဖို့အတွက် ရင်ခွဲရုံထဲမှာ လုံခြုံရေးအစောင့် ဂျုံမြောင်ဂွမ်နဲ့ သူ့သူငယ်ချင်း အန်ဂျင်အိုတို့ဟာ တစ်ယောက်က အလောင်းဟန်ဆောင်၊ တစ်ယောက်က အစောင့်လုပ်ပြီး အကွက်ဆင်နေကြတာပါ။ ကံမကောင်းချင်တော့ အန်ဂျင်အိုကို အကြွေးလာတောင်းတဲ့ လူမိုက်တွေ ရင်ခွဲရုံအထိ ရောက်လာပြီး သောင်းကျန်းကြတဲ့အခါ လန့်ဖျန့်သွားတဲ့ လုံခြုံရေးအစောင့် ဂျုံမြောင်ဂွမ်က အလောင်းတွေရဲ့ နာမည်ကတ်ကို မတော်တဆ လဲမိရက်သား ဖြစ်သွားပါတော့တယ်။ အဲဒီလိုကနေ အလောင်းလာခိုးတဲ့ ဘတ်ဟျွန်းချောတို့ နှစ်ယောက်ဟာ ဥက္ကဋ္ဌဂင်ရဲ့ အလောင်းအစစ် အစား အသက်ရှင်လျက် အလောင်းဟန်ဆောင်နေတဲ့ အန်ဂျင်အိုကို မှားပြီး ပြန်ပေးဆွဲ ခိုးယူသွားခဲ့ကြပါတယ်။ အလောင်းဟန်ဆောင်တဲ့ အလောင်းတုနဲ့ အလောင်းသူခိုးတို့ အကြံသမားနှစ်ဖွဲ့ ဆုံတွေ့ကြတဲ့အခါ ဘယ်လိုအလွဲအချော်တွေ ဆက်ဖြစ်ကြမလဲဆိုတာကို မထင်မှတ်ထားတဲ့ ဇာတ်လမ်း အချိုးအကွေ့တွေနဲ့ ပေါ့ပေါ့ပါးပါး ကြည့်ရှုခံစားရမယ့် မှုခင်းဟာသ ရုပ်ရှင်ကားကောင်းလေးပဲဖြစ်ပါတယ်။ File Size - 1.8 GB/ 869 MB Quality - AMZN WEB-DL 1080p/ 720p Duration - 1h 48m Format - mp4 Genre - Comedy, Crime, Drama Subtitle - Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း