ဇာတ်ကားများ ရွေးရန်

My Scary Girl

2006ဇာတ်ကားအမှတ် 5.5/10110 မိနစ်

My Scary Girl (2006) My Scary Girl သည် ၂၀၀၆ ခုနှစ်တွင် ထွက်ရှိခဲ့ပြီး ဒါရိုက်တာ Son Jae-gon ကိုယ်တိုင် ဇာတ်ညွှန်းရေးသားရိုက်ကူးထားသည့် တောင်ကိုရီးယား Romantic Comedy/Black Comedy အမျိုးအစား ရုပ်ရှင်ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါသည်။ အကုန်အကျနည်းနည်းနှင့် သရုပ်ဆောင်အသစ်များဖြင့်သာ ရိုက်ကူးခဲ့သော်လည်း ပရိသတ်ကြားတွင် ထင်မှတ်မထားဘဲ အကြီးအကျယ်ပေါက်သွားခဲ့ပြီး လက်မှတ်စောင်ရေ (၂) သန်းကျော်အထိ ရောင်းချခဲ့ရကာ ထိုနှစ်၏ အအောင်မြင်ဆုံး ပြည်တွင်းရုပ်ရှင် (၁၀) ကားစာရင်းဝင် ဖြစ်ခဲ့သည်။ ဇာတ်လမ်းအကျဉ်း အသက် (၂၉) နှစ်ရှိပြီဖြစ်တဲ့ အင်္ဂလိပ်စာကထိက Hwang Dae-woo ဟာ လူမှုဆက်ဆံရေးမှာ အလွန်အေးဆေးပြီး မိန်းကလေးများနှင့်ပတ်သက်လျှင် အတွေ့အကြုံမရှိသည့် လူပျိုကြီးတစ်ဦးပါ။ တစ်နေ့ သူ နေတဲ့ တိုက်ခန်းကို Lee Mi-na ဆိုတဲ့ ဆွဲဆောင်မှုရှိတဲ့ အနုပညာကျောင်းသူလေးတစ်ယောက် ပြောင်းရွှေ့လာတဲ့အခါ Dae-woo တစ်ယောက် ပထမဆုံးအကြိမ်အဖြစ် အချစ်နယ်ပယ်ထဲကို အရှိန်အဟုန်ဖြင့် ကျွံဝင်သွားပါတော့တယ်။ အရာအားလုံးက အိပ်မက်တစ်ခုလို သာယာဖြောင့်ဖြူးနေတယ်ဟု ထင်ရသော်လည်း သူ့ချစ်သူကောင်မလေး Mi-na ရဲ့ နောက်ကွယ်မှာ ထိတ်လန့်စရာကောင်းတဲ့ လျှို့ဝှက်ချက်များ ရှိနေပါတယ်။ Mi-naက တကယ်ပဲ အပြစ်ကင်းစင်တဲ့ ကျောင်းသူလေးလား.... Dae-woo ရဲ့ ပထမဆုံးအချစ်က နတ်သမီးပုံပြင်လေးလို ဖြစ်မလာဘဲ ကြောက်စရာကောင်းပြီး ရယ်စရာကောင်းတဲ့ လှည့်ကွက်တွေနဲ့ ဘယ်လိုရှေ့ဆက်မလဲဆိုတာကို My Scary Girl ဇာတ်ကားမှာ ရင်ခုန်စိတ်လှုပ်ရှားဖွယ် ခံစားကြည့်ရှုကြပါစို့နော် File Size - 2.6 GB/ 925 MB Quality - NF WEB-DL 1080p/ 720p Duration - 1h 50m Format - mp4 Genre - Comedy, Crime, Drama, Romance Subtitle - Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း