ဇာတ်ကားများ ရွေးရန်

Father of the Bride Part II

1995ဇာတ်ကားအမှတ် 6.3/10106 မိနစ်

ဂျော့ချ် ဟာ သမီးဖြစ်သူ အန်နီကို လက်ထပ်ပေးပြီးနောက်မှာတော့ သူ့ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းဖို့ ပြင်ဆင်နေသူပါ။ ဒါပေမဲ့ မထင်မှတ်ထားတဲ့ သတင်းတစ်ခုက သူ့ရဲ့ ကမ္ဘာကြီးကို ပြောင်းလဲပစ်လိုက်ပါတော့တယ်။ အဲဒါကတော့ သမီးဖြစ်သူ အန်နီမှာ ကိုယ်ဝန်ရှိနေပြီဆိုတဲ့ သတင်းပါပဲ။ ဒီလို အဖိုးဖြစ်တော့မယ်ဆိုတဲ့ အသိနဲ့ စိတ်လှုပ်ရှားနေရချိန်မှာပဲ သူ့ရဲ့ ဇနီးဖြစ်သူ နီနာ မှာလည်း ကိုယ်ဝန်ရှိနေပြီဆိုပြီး ထပ်ကြားရပါတယ်။ ဖခင်တစ်ယောက်အနေနဲ့ရော၊ အဖိုးတစ်ယောက်အနေနဲ့ပါ တစ်ပြိုင်နက်တည်း တာဝန်ယူရတော့မယ့် ဂျော့ချ် တစ်ယောက် အိမ်ထဲမှာ ကိုယ်ဝန်ဆောင် နှစ်ယောက်နဲ့အတူ ဘယ်လိုအလွဲအချော်တွေ၊ ဘယ်လို ရယ်မောဖွယ်ရာ အခက်အခဲတွေကို ရင်ဆိုင်သွားမလဲဆိုတာကို ဟာသဆန်ဆန်လေး ကြည့်ရှုရမယ့် ဇာတ်ကားကောင်းတစ်ပုဒ်ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း