ဇာတ်ကားများ ရွေးရန်

Black House

2007ဇာတ်ကားအမှတ် 6.1/10104 မိနစ်

Black House (2007) IMDb Rating (6.5) 12.12: The Day ထဲက မင်းသားကြီး Hwang Jung Min၊ Queen of Masks ထဲက မင်းသမီး Yoo Sun နှင့်အတူ Sky Castle နဲ့ အားလုံးသိကြတဲ့ မင်းသမီး Kim Seo Hyung တို့က အဓိက ပါဝင်ထားတဲ့ သည်းထိပ်ရင်ဖို ရုပ်ရှင်ကားကြီးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအညွှန်း ဂင်ဂျွန်အို (Hwang Jung Min) ဟာ အာမခံကုမ္ပဏီမှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်းတစ်ယောက်ဖြစ်ပြီး ချစ်သူကောင်မလေး မီနာ(Kim Seo Hyung)နဲ့အတူ နေ့စဉ်ဘဝကို အဆင်ပြေပြေနဲ့ ဖြတ်သန်းနေသူပါ။ တစ်နေ့မှာ သေကြောင်းကြံစည်မှုအတွက် အာမခံငွေရနိုင်သလားဆိုတဲ့ မေးခွန်းနဲ့အတူ ဖုန်းခေါ်ဆိုမှုတစ်ခုကို ရရှိလိုက်ရာကနေ ဂျွန်အိုတစ်ယောက် မူမမှန်တဲ့ပြဿနာတွေ ကြုံတွေ့လာရပါတော့တယ်။ မလိုအပ်ဘဲ သဘောကောင်းလွန်းနေတဲ့ ဂင်ဂျွန်အိုနဲ့ ထူးဆန်းတဲ့ အိမ်ကြီးမှာနေထိုင်တဲ့ ဂျန်အီဟွာ (Yoo Sun) တို့ ဇနီးမောင်နှံက ဘယ်လိုတွေ ဆက်စပ်မိသွားကြမလဲဆိုတာနဲ့ ဇာတ်လမ်းရဲ့ အဓိကဗီလိန်က ဘယ်သူဆိုတာကို စိတ်ဝင်စားဖွယ်ပုံဖော်ထားတာပဲ ဖြစ်ပါတယ်။ သွေးထွက်သံယိုဇာတ်ဝင်ခန်းတွေပါဝင်ပြီး သည်းထိတ်ရင်ဖိုနဲ့စိတ်လှုပ်ရှားစရာကောင်းတာတွေကိုမှ နှစ်သက်သူတွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။ File Size : 2.06GB/ 1.04GB Quality : WEB-DL 1080p 5.1CH/ 720p Format : mp4 Duration : 1hr 45m Genre : Mystery, Horror, Thriller Subtitle : Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း