ဇာတ်ကားများ ရွေးရန်

Broker

2019ဇာတ်ကား22 မိနစ်

ကလေးတွေကို စွန့်ပစ်ထားခဲ့ကြတဲ့ Baby box တွေဆီကနေ ကလေးခိုးပြီး မွေးစားချင်တဲ့မိဘတွေဆီ ရောင်းပေးနေသူနှစ်ယောက် ရှိပါတယ်။ သူတို့ကတော့ Sang Hyun နဲ့ Dong Soo တို့ဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် Broker တွေလို့ ခေါ်ကြတယ်။ တစ်နေ့မှာ So Young ဆိုတဲ့ အမျိုးသမီးတစ်ယောက်က သူ့ကလေးကို Baby box ထဲမှာ ထားခဲ့ပါတယ်။ အဲဒီကလေးကိုလည်း ပွဲစားနှစ်ယောက်က ယူသွားပြီး တခြားမိဘတွေဆီ ရောင်းဖို့ ပြင်ကြတော့တယ်။ သူတို့ရဲ့အစီအစဉ်က ဘယ်လိုဆက်ဖြစ်လာမလဲ၊ So Young ကရော ဘာကြောင့် ကိုယ့်ကလေးကို စွန့်ပစ်ခဲ့တာလဲဆိုတဲ့ အကြောင်းတွေကို ဆက်ပြထားပါတယ်။ ဒီကိုရီးယားဒရာမာမှာ Sang Hyun အဖြစ် Song Kang-ho၊ Dong Soo အဖြစ် Kang Dong Won နဲ့ ကလေးအမေ So Young အဖြစ် IU တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။

ဇာတ်လမ်းအကြောင်း