ဇာတ်ကားများ ရွေးရန်

Into the Mirror

2003ဇာတ်ကားအမှတ် 7.1/10113 မိနစ်

Into the Mirror (2003) ဒီတစ်ခါမှာတော့ ပရိသတ်တို့အတွက် မှန်ကမ္ဘာနဲ့ သဘာဝလွန်လူသတ်မှုတွေကို အခြေခံထားတဲ့ "Into the Mirror" ဆိုတဲ့ ရုပ်ရှင်ကားလေးကို တင်ဆက်ပေးသွားမှာဖြစ်ပြီး Your Honor, Law School ထဲက မင်းသားကြီး Kim Myung Min နဲ့ Villains , Money Heist: Korea ထဲက မင်းသား Yoo Ji Tae တို့ အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်... ဇာတ်လမ်းအကျဉ်း Woo Young Min ဟာ အတိတ်က ကြုံတွေ့ခဲ့ရတဲ့ စိတ်ဒဏ်ရာကြောင့် စုံထောက်အလုပ်ကနေ နှုတ်ထွက်ခဲ့ပြီးနောက် "Dreampia" လို့ခေါ်တဲ့ ကုန်တိုက်ကြီးတစ်ခုမှာ လုံခြုံရေးအရာရှိချုပ်အဖြစ် အလုပ်ဝင်ခဲ့ပါတယ်။ သူအလုပ်ဝင်တဲ့ ကုန်တိုက်ဟာ လွန်ခဲ့တဲ့ ၅ နှစ်က မီးလောင်မှုဖြစ်ပွားခဲ့လို့ ပိတ်ထားခဲ့ရပြီး၊ အခုတစ်ခါ ပြန်လည်ဖွင့်လှစ်ဖို့ ပြင်ဆင်နေတဲ့ ကုန်တိုက်တစ်ခုလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ကုန်တိုက်ပြန်ဖွင့်ဖို့ ရက်ပိုင်းအလိုမှာတင် ဝန်ထမ်းတွေက မှန်ရှေ့မှာ ပဟေဠိဆန်ဆန် ဆက်တိုက် သေဆုံးမှုတွေ ဖြစ်ပွားလာခဲ့ပါတယ်။ ရဲတပ်ဖွဲ့က ဒါကို သာမန်ကိုယ်ကိုယ်သတ်သေမှု (ဒါမှမဟုတ်) လူသတ်မှုအနေနဲ့ပဲ စုံစမ်းနေပေမဲ့လည်း၊ Woo Young Min ကတော့ သေဆုံးမှုတွေရဲ့ နောက်ကွယ်က ထူးဆန်းမှုကို သတိပြုမိသွားပါတယ်။ သူ စုံစမ်းစစ်ဆေးရင်းနဲ့ ကုန်တိုက်မီးမလောင်ခင်က ပဟေဠိဆန်စွာ ပျောက်ဆုံးသွားခဲ့တဲ့ အမျိုးသမီးဝန်ထမ်းတစ်ဦး၊ ကုန်တိုက်စီမံအုပ်ချုပ်သူတွေကြားက မရိုးသားတဲ့ အရှုပ်တော်ပုံတွေနဲ့ မှန်ထဲကနေ ကလဲ့စားချေချင်နေတဲ့ နာကျင်ဖွယ် အတိတ်ဆိုးတစ်ခုအကြောင်းကို သိရှိသွားခဲ့ပါတယ်။ ဒီလျှို့ဝှက်ချက်တွေကို ဖော်ထုတ်ဖို့ ကြိုးစားရင်း သဲလွန်စတွေ ပိုရလာလေလေ၊ ပိုပြီး ထိတ်လန့်ဖို့ကောင်းတဲ့ သဘာဝလွန်ဖြစ်ရပ်တွေကို ကြုံတွေ့ရလေလေ ဖြစ်လာတဲ့အခါ... File size…1.81GB / 880MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1 hr. 53 min. Genre ….. Action, Thriller, Mystery, Supernatural Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း