ဇာတ်ကားများ ရွေးရန်

Vaazha II

2026ဇာတ်ကားအမှတ် 7.7/10162 မိနစ်4K

Vaazha II: Biopic of a Billion Bros (2026) ငတုံးညီအစ်ကိုများ မာလျာလမ်ရုပ်ရှင်လောကမှာ အောင်မြင်ခဲ့တဲ့ Vaazha (2024) ရဲ့ နောက်ဆက်တွဲကားဖြစ်တဲ့ အဆက်ရုပ်ရှင်ကို တင်ဆက်ပေးချင်ပါတယ်။ အခုတစ်ခေါက်မှာတော့ သူငယ်ချင်းလေးယောက်ရဲ့ အရွယ်ရောက်လာချိန် ဘဝအခက်အခဲတွေကို ပိုပြီး ဟာသရောနှောကာ ရင်နင့်စရာကောင်းအောင် တင်ဆက်ထားပါတယ်။ ဇာတ်လမ်းကတော့ ဟာရှီရ်၊ အာလန်၊ အာဂျင်နဲ့ ဗီနာယက်ခ်ဆိုတဲ့ သူငယ်ချင်းလေးယောက်ဟာ ပတ်ဝန်းကျင်နဲ့ မိဘတွေရဲ့ အနှိမ်ခံ အသုံးမကျသူတွေ အဖြစ်ကနေ ရုန်းထွက်ဖို့ ကြိုးစားရာကနေ စတင်ပါတယ်။ သူတို့ဟာ ကျောင်းတုန်းက ဆရာတွေနဲ့ ပြဿနာတက်ခဲ့ရုံတင်မကဘဲ၊ အရွယ်ရောက်လာတဲ့အခါမှာလည်း ဘဝရဲ့ စိန်ခေါ်မှုတွေ၊ မူးယစ်ဆေးဝါးပြဿနာတွေနဲ့ မိသားစုတာဝန်တွေကြားမှာ ဗက်လဘိုင်လိုက်နေခဲ့ပါတယ်။ အာဂျင်က ဒူဘိုင်းကို အလုပ်သွားလုပ်ဖို့ ကြိုးစားသလို၊ အာလန်နဲ့ ဗီနာယက်ခ်တို့ကလည်း ယူကေကို သွားရောက်ပြီး ဘဝသစ်ထူထောင်ဖို့ ကြိုးစားကြပေမဲ့ သူတို့မျှော်လင့်သလို ဖြစ်မလာတဲ့အခါမှာတော့...။ သူငယ်ချင်းတွေကြားက သံယောဇဉ်၊ ညီအစ်ကိုမောင်နှမတွေရဲ့ ဆက်ဆံရေးနဲ့ သက်လတ်ပိုင်းဘဝရဲ့ အလှည့်အပြောင်းတွေကို ဒီဟာသဒရမ်မာ ရုပ်ရှင်ထဲမှာ ရင်ခုန်စရာကောင်းအောင် မြင်တွေ့ရမှာဖြစ်ပါတယ်။ File size… 9.7 GB / 3.18 GB / 1.41 GB Quality…WEB DL 4K / 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 42m Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း