ဇာတ်ကားများ ရွေးရန်

Heresy (aka) Witte Wieven

2025ဇာတ်ကားအမှတ် 6.1/1061 မိနစ်

Heresy (2025) IMDb Rating (6.4) ၁၉ ရာစု၊ နယ်သာလန်ကျေးလက်ဒေသရဲ့ ခေါင်ဖျားတဲ့ ရွာလေးတစ်ရွာ၊ အဲ့ဒီရွာမှာ ဖရီဒါဆိုတဲ့ မိန်းမငယ်တစ်ယောက်နေပါတယ်။ ဘာသာရေးအယူသီးပြီး အလွန်အမင်းရှေးရိုးစွဲတဲ့ အသိုင်းအဝိုင်းကြားမှာ ဖရီဒါဟာ သားသမီးမရနိုင်တဲ့ အမြုံမအဖြစ် လူတောမတိုးနိုင်အောင် နှိမ်ချ ခံနေပါတယ်။ ရွာအနားမှာတော့ ဘယ်သူမှခြေမချရဲပဲ နတ်ဆိုးတွေ ကြီးစိုးတယ်လို့ယုံကြည်ကြတဲ့ တားမြစ်တောအုပ်ကြီးတစ်ခုရှိပြီး အဲ့ဒီတောအုပ်ထဲမှာ အဖြူရောင်ဝိဉာဉ်မ စိုးစံတယ်လို့အယူရှိကြပါတယ်။ ဖိနှိပ်မှုနဲ့အရှက်တရားတွေကြားမှာ တောင့်မခံနိုင်တော့တဲ့ ဖရီဒါတစ်ယောက် ဘုရားသခင်ဆီက မရနိုင်တဲ့ အကူအညီကို အဲ့ဒီတောအုပ်ထဲက ဝိဉာဉ်တွေဆီမှာသွားပြီး တောင်းခံဖို့ကြိုးစားမိချိန်မှာတော့..။ အသံဗလံတွေ၊ ဝုန်းဒိုင်းကြဲခြောက်လှန့်တဲ့ Jumpscare တွေထက်တစ်ကားလုံး မြူတွေဖုံးနေတဲ့ တောအုပ်ကြီးရဲ့အေးစက်တဲ့ဆန်းကြယ်မှုနဲ့ ကျောချမ်းလာအောင်ဖန်တီးထားပါတယ်။ အလင်းအမှောင်နဲ့cgi တွေသုံးထားတာတွေလည်း အတော်လှပြီး အပြောထက်အပြကိုဦးစားပေးတဲ့ ဇာတ်ကားပါ။ ဖရီဒါရခဲ့တဲ့ ဆုတောင်းက တကယ်ပဲ ကောင်းချီးလား ဒါမှမဟုတ်ကျိန်စာလားဆိုတာ ဇာတ်လမ်းထဲမှာ ဆက်လက်ရှုစားကြပါ။ File size… (650 MB) / (510 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama,Horror,Mystery Duration…. 01:01:20 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း