Girl's Judgment
Girl's Judgment (2026) High School Drama တွေကို ကြိုက်နှစ်သက်သူများအတွက် Action နဲ့ Comedy နှောထားတဲ့ ကျောင်းသားရုပ်ရှင်ကားသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ လက်ရှိပြသနေတဲ့ Sold Out On You ထဲက ချစ်စဖွယ် မင်းသမီးလေး Chae Won-Bin, Weak Hero Class 2 ထဲက မင်းသား Kang Hee-Gu နဲ့ Seasons of Blossom ထဲက မင်းသား Yoon Hyun-Soo တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပြီး Work Later, Drink Now ထဲက မင်းသမီး Han Sun-Hwa ကလည်း အတန်းပိုင်ဆရာမအဖြစ် အထူးပါဝင်အားဖြည့်ပေးထားပါတယ်။ - ဇာတ်လမ်းအကျဉ်း - ငယ်စဉ်က မတော်တဆမှုကြောင့် မိဘတွေကို ဆုံးရှုံးလိုက်ရပြီး အဒေါ်ဖြစ်သူရဲ့အိမ်မှာ ကြီးပြင်းလာခဲ့တဲ့ ဂင်မင်အာ (Chae Won-Bin) က ခံနိုင်ရည်အားကောင်းပြီး တရားမျှတမှုကို အလွန်အလေးထားသူပါ။ မင်အာက အထက်တန်းကျောင်းမှာ ပြဿနာမရှာဘဲ အေးအေးဆေးဆေး နေထိုင်သွားဖို့ ဆုံးဖြတ်ထားပေမဲ့ ပထမဆုံးနေ့မှာတင် ရုပ်ချောပြီး တရားမျှတပုံပေါ်တဲ့ ထိုင်ဖော်ထိုင်ဖက် အီမင်ဂီ (Kang Hee-Gu) ဆိုတဲ့ ကောင်လေးကို စိတ်ဝင်စားမိသွားခဲ့ပါတယ်။ တစ်နေ့မှာ အတန်းဖော်သူငယ်ချင်း ဂွမ်ရှစ် (Yoon Hyun-Soo) အနိုင်ကျင့်ခံနေရတာကို ကူညီရင်း လူမိုက်တွေနဲ့ ငြိစွန်းသွားတဲ့ မင်ဂီကို အတိုက်အခိုက်တော်တဲ့ မင်အာက လက်ပိုက်ကြည့်မနေရက်ဘဲ အားကစားဝတ်စုံဝတ် mask တပ်ပြီး ကယ်တင်ပေးလိုက်ပါတော့တယ်။ အဲဒီနောက်ပိုင်း တစ်ကျောင်းလုံးက အားကစားဝတ်စုံနဲ့ ကယ်တင်ရှင်ကြီးကို ရှာပုံတော်ဖွင့်ကြတဲ့အခါမှာတော့... မင်အာတစ်ယောက် သူ့ရဲ့လျှို့ဝှက်ချက်ကို ဖုံးကွယ်ရင်း အေးချမ်းတဲ့ သာမန်ကျောင်းသူဘဝလေးကို ဆက်လက် ထိန်းသိမ်းထားနိုင်ပါ့မလားဆိုတာကို ဒီဇာတ်ကားလေးထဲမှာ ဆက်လက် ကြည့်ရှုပေးကြပါဦး။ File Size : 1.10GB/ 530MB Quality : WEB-DL 1080p/ 720p Format : mp4 Duration : 1hr 31m Genre : Action, Comedy Subtitle : Myanmar Subtitle (Hard Sub)
ဇာတ်လမ်းအကြောင်း