All Greens
All Greens (2026) ထိုင်းနိုင်ငံမှာ ဆေးခြောက်တွေ စပြီး တရားဝင်ခွင့်ပြုတုန်းက ကျွန်တော်တို့ထဲကတချို့တွေ ဝိစိုက်တောင်သူလုပ်ကြမယ်ဆိုပြီး သူငယ်ချင်းတွေ အချင်းချင်း စနောက်ကျီစယ်ခဲ့ကြတာကို မှတ်မိကြဦးမှာပါ။ အခုတင်ဆက်ပေးမဲ့ ဇာတ်လမ်းလေးကတော့ ကျွန်တော်တို့ရဲ့ wild dream ဖြစ်တဲ့ ဝိစိုက်အလုပ်ကို တကယ်ကြီးအကောင်အထည်ဖော်ကြမဲ့ ကောင်မလေး ၃ ယောက်အကြောင်းပါ။ ဂျပန်ဟာသကားကောင်းကောင်းလေး ကြည့်ချင်နေတဲ့ ပရိသတ်တွေအတွက် အကြိုက်တွေ့မဲ့ အသစ်စက်စက် Teenage Comedy ကားဖြစ်လို့ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်လို့ကောင်းမဲ့ဇာတ်ကားလေးဖြစ်မှာပါ။ ဒီဇာတ်ကားလေးကတော့ အနာဂတ်အတွက် ဘာသေချာမှုမှမရှိဘဲ ဖြစ်သလို ရေစုန်မျောနေတဲ့ မြိုလေးတစ်မြိုမှာ နေထိုင်ကြတဲ့ ကောင်မလေး သုံးယောက်အကြောင်းပါ။ တစ်ယောက်တည်းဆို ဘာမှလုပ်စားလိုမရပေမဲ့ သုံးယောက်ပေါင်းလိုက်တဲ့အခါမှာတော့ သူတိုကိုသူတို "All Greens" ဆိုတဲ့ ကလပ်လေးတစ်ခုဖွဲပြီး ပေါင်းကြိတ်ဖို ဆုံးဖြတ်လိုက်ကြပါတော့တယ်။ သူတိုရဲ့ အဓိကရည်ရွယ်ချက်ကတော့ တစ်ခုတည်းပါပဲ... အမြန်ဆုံးချမ်းသာလာဖိုနဲ့ ကိုယ့်ဘဝလမ်းကြောင်းကိုယ် လုံလုံခြုံခြုံ ဖောက်နိုင်ဖိုအတွက် ငွေရှာမဲ့ "ဂွင်" တွေကို အမျိုးမျိုး ဖန်တီးကြပါတော့တယ်။ အဲဒါကတော့ ကျောင်းကဖန်လုံအိမ်ထဲမှာ ဝိပင်စိုက်ပြီး ဆေးခြောက်ရောင်းဖို့ကြံတာပါ။ ဒါပေမဲ့ ငွေရှာတယ်ဆိုတာ ထင်သလောက်လွယ်ပါ့မလား... လူလည်ကျဖို ကြိုးစားရင်းနဲ့ ဒီကောင်မလေးသုံးယောက် ဘယ်လို အလွဲလွဲအချော်ချော်တွေ ကြုံရမလဲ... သူတိုရည်မှန်းထားတဲ့အတိုင်းရော တကယ်ပဲ ချမ်းသာသွားမှာလားဆိုတာကို အူတက်အောင် ရယ်မောရင်း ရှုစားရမှာပါ။ ပေါ့ပေါ့ပါးပါးနဲ့ တော်တော်လေးခွီရသလို တွေးစရာလေးတွေလည်းပါတဲ့ ဇာတ်ကားလေးဖြစ်လို စိတ်အပန်းဖြေချင်တဲ့ သူတွေအတွက်တော့ ကွက်တိပါပဲဗျာ။ File size…1.71GB / 827MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….2h 00m Genre ….. Japanese, Comedy, Drama Subtitle….Myanmar Subtitle (Hard Sub)
ဇာတ်လမ်းအကြောင်း