Celebrity
Celebrity (1998) နာမည်ကြီး ဒါရိုက်တာ Woody Allen ကြီးရဲ့ ၉၀ ကာလက လက်စွမ်းပြခဲ့တဲ့ ကားကောင်းတွေထဲကတစ်ခုဖြစ်ပြီး...Leonardo DiCaprio ရဲ့ ဆိုးသွမ်းတဲ့နာမည်ကြီးမင်းသားတစ်ယောက်နေရာက သရုပ်ဆောင်ချက်တွေကိုမြင်တွေ့ရမှာဖြစ်ပြီး Woody Allen ရဲ့ထုံးစံအတိုင်း နယူးယောက်မြို့နဲ့ မန်းဟတ်တန်ရဲ့အငွေ့အသက်တွေ..အားကောင်းတဲံ ဒိုင်ယာလော့တွေကို ထိုခေတ်က နာမည်ကြီး မင်းသား၊ မင်းသမီးများစွာ ပါဝင်ထားတာကြောင့် စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဇာတ်လမ်းကတော့ အိမ်ထောင်သက် ၁၆ နှစ်အကြာမှာ လမ်းခွဲလိုက်ကြတဲ့ လင်မယားနှစ်ယောက်ဖြစ်သူ Lee Simon (Kenneth Branagh) နဲ့ Robin Simon (Judy Davis) တို့ရဲ့ ကွဲပြားခြားနားသွားတဲ့ ဘဝခရီးစဉ်တွေအကြောင်းပါ။ ခင်ပွန်းဖြစ်သူ Lee ကတော့ ကျော်ကြားတဲ့ စာရေးဆရာ၊ သတင်းထောက်တစ်ယောက်ဖြစ်ဖို့ ရည်မှန်းချက်ကြီးသူဖြစ်ပြီး၊ နာမည်ကြီးအနုပညာရှင်တွေနဲ့ ပတ်သက်ခွင့်ရဖို့ ကြိုးစားရင်း သူ့ဘဝကို ကုန်ဆုံးနေသူပါ။ တစ်ဖက်မှာတော့ ဇနီးဖြစ်သူ Robin က သူမရဲ့ စိတ်ဒဏ်ရာတွေကို ကျော်ဖြတ်ရင်း မထင်မှတ်ဘဲ ရုပ်သံလောကမှာ အောင်မြင်တဲ့ အမျိုးသမီးတစ်ဦး ဖြစ်လာပါတော့တယ်။ နာမည်ကြီးချင်လွန်းတဲ့သူက ကျရှုံးနေပြီး၊ အေးအေးဆေးဆေးနေချင်သူက နာမည်ကြီးလာတဲ့ သူတို့နှစ်ဦးရဲ့ ကံကြမ္မာ အလှည့်အပြောင်းကို ရိုက်ပြထားပြီး ဒါရိုက်တာ Woody Allen ရဲ့ ထုံးစံအတိုင်း စကားပြောခန်းတွေက မြန်ဆန်တယ် ၊ ခနဲ့တဲ့တဲ့နိုင်တယ်၊ လူမှုပတ်ဝန်းကျင်ကို ထိထိမိမိ ဝေဖန်ထားတဲ့ 90 ခေတ်က ဆယ်လီတွေရဲ့ဘဝအကြောင်းပါ
ဇာတ်လမ်းအကြောင်း