Bananas
Bananas (1971) Woody Allen ရဲ့ အစောပိုင်းကာလ လက်ရာတွေထဲမှာ သူကိုယ်တိုင်ဇာတ်လိုက်အဖြစ်ပါဝင်ထားတဲ့ Comedy ကားတစ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ထုတ်ကုန်တွေကို စမ်းသပ်ပေးရတဲ့ အလုပ်လုပ်သူ၊ အမြဲတမ်း ကတုန်ကရင် ဖြစ်နေတတ်တဲ့ နယူးယောက်သား Fielding Mellish (Woody Allen) အကြောင်းပါ။ သူဟာ နိုင်ငံအရေးခင်းတက်ကြွလှုပ်ရှားသူ ကောင်မလေး Nancy (Louise Lasser) ကို သဘောကျနေပေမဲ့၊ Nancy ကတော့ သူ့ကို စိတ်မဝင်စားဘဲ လမ်းခွဲလိုက်ပါတယ်။ သူမရဲ့ စိတ်ဝင်စားမှုကို ပြန်ရဖို့အတွက် Mellish ဟာ လက်တင်အမေရိကက "San Marcos" ဆိုတဲ့ နိုင်ငံငယ်လေးဆီကို ခရီးထွက်ခဲ့ပါတယ်။ အဲဒီမှာ မထင်မှတ်ဘဲ ပြည်တွင်းစစ် တော်လှန်ရေးထဲ ပါဝင်ပတ်သက်မိသွားပြီး၊ နောက်ဆုံးမှာတော့ အဲဒီနိုင်ငံရဲ့ သမ္မတ ဖြစ်လာတဲ့အထိ အခြေအနေတွေက လုံးဝကြီးပြောင်းလဲသွားပြီး အလွဲအချော်တွေနဲ့ အမေရိကန်ရဲ့ နိုင်ငံခြားရေးဝါဒတွေကို နှိပ်ကွပ်ထားတဲ့ political-comedy ကားကောင်းလေးဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း