The ComDads
အသက် ၁၆ နှစ်အရွယ် လူငယ်လေး ထရစ်စတန် တစ်ယောက် အိမ်ကနေ ထွက်ပြေးပျောက်ဆုံးသွားတဲ့အခါမှာတော့ သူ့ရဲ့မိခင်ဖြစ်သူဟာ သားကို ပြန်ရှာဖို့အတွက် နည်းလမ်းတစ်ခုကို အသုံးချခဲ့ပါတယ်။ အဲဒါကတော့ သူရဲ့ ရည်းစားဟောင်း နှစ်ယောက်ဖြစ်တဲ့ ဖရန်ဆွာ နဲ့ ဂျင်းတို့ဆီကို သွားပြီး ထရစ်စတန် ဟာ သူတို့ရဲ့ သားအရင်းဖြစ်တယ်လို့ တစ်ယောက်ချင်းစီကို လိမ်ညာပြောတဲ့ နည်းလမ်းပဲ ဖြစ်ပါတယ်။ စိတ်နုပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ခဏခဏ ကြိုးစားတတ်တဲ့ ပီဂတ် နဲ့ သတင်းထောက်ဟောင်း လူကြမ်းကြီး လူကပ်စ် တို့ဟာ သူတို့မှာ သားတစ်ယောက်ရှိမှန်း သိလိုက်ရတဲ့အခါမှာတော့ တစ်ယောက်နဲ့တစ်ယောက် မသိဘဲ ထရစ်စတန် ကို ရှာပုံတော် ဖွင့်ကြပါတော့တယ်။ မတူညီတဲ့ စရိုက်ရှိသူ ဖခင်လောင်း နှစ်ယောက် ဆုံမိကြတဲ့အခါမှာတော့ အလွဲအချော်ပေါင်းများစွာ၊ ရယ်စရာ အဖြစ်အပျက်ပေါင်းများစွာနဲ့ သားဖြစ်သူကို ဘယ်လိုရှာဖွေကြမလဲဆိုတာကို ဟာသဆန်ဆန် ကြည့်ရမယ့် အမောပြေစေမယ့် ဇာတ်ကားကောင်းတစ်ပုဒ်ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း