ဇာတ်ကားများ ရွေးရန်

The Christophers

2026ဇာတ်ကားအမှတ် 6.8/10100 မိနစ်

The Christophers (2026) IMDb Rating (7.2) / Rotten Tomatoes (96%) ဒီဇာတ်ကားလေးကတော့ အနုပညာဝါသနာအိုး ပန်းချီဝါသနာအိုးတွေ ရင်ထဲထိလောက်မဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း လော်ရီ ဘတ်တလာဆိုတဲ့အမျိုးသမီးဟာ ပန်းချီကားပြုပြင်ထိန်သိမ်းသူ၊ ပန်းချီကားဝေဖန်ရေးသမားအဖြစ် လုပ်ကိုင်နေတဲ့ နာမည်ကြီး အနုပညာကျောင်းထွက် တစ်ဦးဖြစ်ပါတယ်။ တစ်နေ့မှာ သူမဟာ အနုပညာကျောင်းမှာခင်ခဲ့တဲ့ ကောင်မလေးတစ်ယောက်က သူ့မောင်နဲ့အတူ သူမကို တွေ့ဖို့ ချိန်းလာခဲ့ပါတယ်။ အကြောင်းကတော့ သူတို့မောင်နှမနှစ်ယောက်ရဲ့ အဖေဟာ ကမ္ဘာကျော် ပန်းချီပညာရှင် ဂျူလီယန် စကာလာ ဖြစ်ပြီးတော့ သူတို့ရဲ့ အဖေဖြစ်သူဟာ ပန်းချီလောကကနေ ဗြုန်းစား အနားယူသွားခဲ့ကာ သူ့ရဲ့ နာမည်ကျော်လက်ရာ ခရစ္စတိုဖာ ပန်းချီကားစုဆောင်းမှုကို ဆက်မဆွဲတော့ပဲ ဂိုဒေါင်ထဲမှာ သော့ခတ်သိမ်းထားလို့ပါပဲ။ ဒါကြောင့် သူတို့မောင်နှမဟာ သူ့အဖေ မသေခင် အဲဒီပန်းချီကား စုဆောင်းမှုကို လော်ရီ့ကို တုပရေးဆွဲခိုင်းပြီး ထုတ်ရောင်းချင်တာပါ။ ဒီတော့ လော်ရီတစ်ယောက် ဒီအလုပ်ကိုလက်ခံလိုက်မလား၊ ဂျူလီယန် စကာလာကရော ဘာကြောင့် ပန်းချီလောကကို ကျောခိုင်းပြီး ဆက်မဆွဲတော့တာလဲ၊ မောင်နှမနှစ်ယောက်ရဲ့ အကြံအစည် အောင်မြင်သွားမလားဆိုတာကို စိတ်ဝင်စားဖွယ်ရာ ကြည့်ရှုရမှာဖြစ်ပါတယ်။ File size… (1.5 GB) / (790 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy, Drama Duration…. 01:48:00 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း