ဇာတ်ကားများ ရွေးရန်

Good Omens Finale (Season 3)

2026ဇာတ်ကားအမှတ် 8.0/10105 မိနစ်4K

Good Omens Finale (Season 3) (2026) IMDB : 8 Rotten Tomatoes : 67% Genre : Comedy / Fantasy Good Omens ကတော့ Season ၂ ခုပြီးလို့ Season 3 ထွက်လို့လာပါပြီ။ ဒါပေမဲ့ ဒီတစ်ခါတော့ အပိုင်းဆက်တွေနဲ့မဟုတ်ပဲ ၁ နာရီ မိနစ် ၄၀ လောက်နဲ့ ရုပ်ရှင်လိုမျိုး တစ်ပိုင်းတည်းထွက်လို့လာတာပါ။ ဆိုတော့ တစ်ခါတည်းရုပ်ရှင်လိုမျိုးကြည့်လို့ရသွားတာပေါ့။ ဇာတ်ညွှန်း ခရိုလီဟာ ကမ္ဘာပေါ်မှာကျန်ခဲ့တဲ့ သာမန်လူသားတစ်ယောက်ဖြစ်သွားပါပြီ။ ငရဲက အဆက်အသွယ်ဖြတ် မိတ်ဆွေကြီး အဇီရာ‌ဖေးလ်ကလည်း ကောင်းကင်ဘုံမှာ ခရိုလီကို ဖုတ်လေသည့် နတ်ဆိုး ရှိသည်လို့တောင်မထင်တော့ပါဘူး။ ခရိုလီက အရက်သမား၊ လောင်းကစားသမားဖြစ်နေတဲ့အချိန် ကောင်းကင်ဘုံမှာတော့ အဇီရာဖေးလ်က သွားကြားလေးတထိုးထိုးနဲ့ အေးချမ်းသာယာစွာဖြတ်သန်းနေပါတယ်။ ဒါပေမဲ့ “Second Coming” “ဒုတိယအကြိမ်မြောက် ပြန်လည်ဆင်းသက်ခြင်း” ဆိုတဲ့ အချိန်ဟာ ကျရောက်လို့လာခဲ့ပါပြီ။ အဲဒါကဘာလဲဆိုတော့ ယေရှုခရစ်တော်က ကမ္ဘာပေါ်ကို ဒုတိယအကြိမ်မြောက်ပြန်လည်ဆင်းသက်မှာပါ။ ဆိုတော့ ယေရှုရောက်လာတယ်ပေါ့။ ယေရှုက သူပထမတစ်ခေါက်ဆင်းတုန်းက လက်ဝါးကပ်တိုင်မှာ ကားစင်တင်ခံလိုက်ရတာ။ ပြီးတော့ မနူးမနပ် ကလေးသာသာရှိသေးတာ။ အဇီရာဖေးလ်တို့က လမ်းပြနေတုန်း “ဖြစ်တည်ခြင်းစာအုပ်” “Book of Life” က ပျောက်သွားတယ်။ အဲစာအုပ်ပျောက်လို့ တမန်တော်တွေ နတ်ပျားတုတ်နေတုန်း ယေရှုကပါ ဖွတ်ဆို လူ့ပြည်ဆင်းချသွားတယ်။ အဇီရာဖေးလ်တို့ခဗျာ တမန်တော်ဘုံနှစ်ခုကြားမှာ ကန့်လန့်ခံနေသလိုပဲ ယေရှုနောက်ပဲလိုက်ရမလို စာအုပ်ကိုပဲ ပြေးရှာရမလိုဖြစ်နေပါတော့တယ်။ နောက်တော့ အဇီရာဖေးလ်ကိုယ်တိုင် “အီဖေကိုယ်” ကယ်တင်မှဖြစ်မှာပါလေဆိုပြီး လူ့ပြည်ဆင်းကာ မိတ်ဟောင်းဆွေဟောင်းကြီး ခရိုလီနဲ့ပူးပေါင်းပါ အရာအားလုံးကို အဆင်ပြေအောင်ပြန်လုပ်ကြပုံကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ ခံစားကြည့်ကြပါ။ File size : 1.2 GB / 600 MB Quality… WEB-DL 1080p / 720p Format… mp4 Duration…. 1h 45m Genre ..... Action, Comedy, Fantasy Subtitle…. Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း