ဇာတ်ကားများ ရွေးရန်

The Lost Leonardo

2021ဇာတ်ကားအမှတ် 6.9/1095 မိနစ်

မိုနာလီဇာပန်းချီကို ရေးဆွဲခဲ့တဲ့ လီယိုနာဒို ဒါဗင်ချီဟာ ရီနေးဆန့်ခေတ်က မိုက်ကယ်အိန်ဂျလိုနဲ့ ခေတ်ပြိုင် အနုပညာရှင်တစ်ဦးဖြစ်ပြီး ပန်းချီအပြင် သိပ္ပံနဲ့ မက္ကင်းနစ်ဘက်မှာလည်း ထူးချွန်သူပါ။ ဒီမှတ်တမ်းရုပ်ရှင်ကတော့ သူ့လက်ရာ ဟုတ်မဟုတ် အငြင်းပွားနေကြတဲ့ Salvator Mundi ဆိုတဲ့ ပန်းချီကားတစ်ချပ်အကြောင်းကို တင်ပြထားပါတယ်။ မိုနာလီဇာနဲ့ ပုံစံခပ်ဆင်ဆင်ရှိတဲ့ အမျိုးသားပုံဖြစ်လို့ ဒီပန်းချီကို မိုနာလီဇာအထီးလို့လည်း ခေါ်ကြတယ်။ လီယိုနာဒိုရဲ့ လက်မှတ်မပါတဲ့အတွက် ရေးဟန်ကိုကြည့်ပြီး သူ့လက်ရာ ဟုတ်မဟုတ် ဆုံးဖြတ်ရတာပါ။ ၂၀၀၅ ခုနှစ်လောက်မှာ ပြန်ပေါ်လာတဲ့ ဒီပန်းချီကို လီယိုနာဒိုရဲ့ ပျောက်ဆုံးနေတဲ့ လက်ရာအဖြစ် သတ်မှတ်ကြသူတွေရှိသလို လက်မခံသူတွေလည်း ရှိနေပါတယ်။ အငြင်းပွားမှုတွေ ရှိနေပေမယ့် ပြတိုက်တွေက လီယိုနာဒိုရဲ့ လက်ရာအဖြစ် ပြသခဲ့ကြပြီး လေလံမှာလည်း သန်း ၄၅၀ အထိ ဈေးရခဲ့တယ်။ အဲဒီအရောင်းအဝယ်နောက်ကွယ်မှာတော့ အာဏာ၊ နိုင်ငံရေးနဲ့ ငွေကြေးအကျိုးစီးပွားတွေ ပတ်သက်နေပါတယ်။ ပန်းချီတစ်ချပ်ရဲ့ မူလဖန်တီးသူကို ရှာဖွေရတဲ့ကိစ္စကနေ အနုပညာအရောင်းအဝယ်လောကထဲက မသမာမှုတွေနဲ့ ရှုပ်ထွေးတဲ့ ဆက်နွယ်မှုတွေအထိ ဒီမှတ်တမ်းရုပ်ရှင်က လိုက်လံဖော်ထုတ်ထားပါတယ်။

ဇာတ်လမ်းအကြောင်း