ဇာတ်ကားများ ရွေးရန်

Reindeer Games Homecoming

2022ဇာတ်ကားအမှတ် 6.0/1085 မိနစ်

မက်ခ်ဟာ ဖခင်ဆုံးပါးသွားပြီးနောက် ကျန်ခဲ့တဲ့ လစ်ဟာမှုကို ဖြည့်ဆည်းဖို့ အဖေချစ်ခဲ့တဲ့ ကစားပွဲတွေမှာ အားကြိုးမာန်တက် ဆက်ပါဝင်နေသူပါ။ အဲဒီကစားပွဲတွေကနေ မြို့အတွက် ရန်ပုံငွေလည်း ရှာပေးနေပါတယ်။ တစ်နေ့မှာတော့ ကိုယ်ဝန်ရှိနေတဲ့ အစ်မကို ကူညီဖို့ မြို့ကိုပြန်လာတဲ့ နာမည်ကြီးကြယ်ပွင့်တစ်ယောက်နဲ့ ပြန်ဆုံရတယ်။ သူက မက်ခ်ရဲ့ ငယ်သူငယ်ချင်းဟောင်းဖြစ်သလို အထက်တန်းကျောင်းတုန်းက မက်ခ် သဘောကျခဲ့သူလည်း ဖြစ်နေပါတယ်။ သူတို့နှစ်ယောက် ခရစ္စမတ်ရန်ပုံငွေပွဲမှာ အတူကစားကြရင်း အတိတ်က အနာဟောင်းတွေကို ပြန်ဆွမိသွားကြတယ်။ တစ်ဖက်မှာလည်း မက်ခ်ရဲ့ဘဝမှာ မေးစရာတစ်ခု ရှိနေပါတယ်။ ငယ်စဉ်ကတည်းက ဆရာဝန်ဖြစ်ဖို့ ရည်မှန်းပြီး ကြိုးစားခဲ့သလို ဉာဏ်ရည်လည်းကောင်းတဲ့ သူမဟာ ဘာကြောင့် ဆရာဝန်မလုပ်ဘဲ အထက်တန်းကျောင်းဆရာမတစ်ယောက် ဖြစ်လာခဲ့တာလဲ။

ဇာတ်လမ်းအကြောင်း