ဇာတ်ကားများ ရွေးရန်

A Poet

2025ဇာတ်ကားအမှတ် 8.2/10123 မိနစ်

A Poet (2025) ဒီဇာတ်လမ်းကတော့ ဘဝရဲ့ အဓိပ္ပာယ်ကို ကဗျာတွေထဲမှာ ရှာဖွေနေတဲ့ လူငယ်တစ်ယောက်အကြောင်း ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ပုဒ်ပါ ဇာတ်လမ်းအကျဉ်း သူဟာ ကျန်းမာရေးပြဿနာအချိုနဲ့ ရင်ဆိုင်နေရပြီး ဆေးဝါးတွေ သောက်သုံးနေရပေမဲ့လည်း သူ့ရဲ့ စိတ်ကူးစိတ်သန်းတွေကိုတော့ ကဗျာတွေအဖြစ် အသက်သွင်းဖို အမြဲကြိုးစားနေသူပါ။ သူ့ရဲ့ ဘဝထဲကို အမျိုးသမီးတစ်ယောက် ရောက်ရှိလာတဲ့အခါမှာတော့ အထီးကျန်နေတဲ့ သူ့ရဲ့ကမ္ဘာလေးဟာ ပြောင်းလဲလာခဲ့ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အားပေးကူညီရင်း၊ နားလည်မှုတွေ တည်ဆောက်ရင်းနဲ့ ဘဝရဲ့ ခါးသီးတဲ့ အမှန်တရားတွေကို ကြံ့ကြံ့ခံရင်ဆိုင်ဖို ကြိုးစားကြပုံကို စိတ်လှုပ်ရှားဖွယ် တွေ့မြင်ရမှာပါ။ နောက်ဆုံးမှာတော့ သူကိုယ်တိုင် ရေးချင်ခဲ့တဲ့ "သိပ်မဝမ်းနည်းရတဲ့ ကဗျာ" တစ်ပုဒ်ကို အောင်မြင်စွာ ရေးသားနိုင်မလားဆိုတာကိုတော့ အတူစောင့်ကြည့်လိုက်ရအောင်နော်

ဇာတ်လမ်းအကြောင်း