ဇာတ်ကားများ ရွေးရန်

Fast & Feel Love

2022ဇာတ်ကားအမှတ် 7.2/10132 မိနစ်

အထက်တန်းပြီးလို့ တက္ကသိုလ်မေဂျာရွေးဖို့ ဝင်ခွင့်စာမေးပွဲတွေ ပြင်ဆင်ကြတဲ့အချိန်မှာ ဂေါင်ဝ်ကတော့ တခြားသူတွေနဲ့မတူဘဲ Sport stacking ကိုပဲ စိတ်ဝင်စားနေပါတယ်။ ဂျေကတော့ ကြီးကြီးမားမား အိပ်မက်မျိုးမရှိဘဲ သာမန်ဘဝနဲ့ နေချင်တဲ့ ကျောင်းသူတစ်ယောက်ပါ။ အဲဒီလို မတူတဲ့သူနှစ်ယောက် ခင်မင်သွားကြပြီး ဂျေရဲ့ ထူးခြားတဲ့အစွမ်းက စိတ်ထားကောင်းတာပဲလို့ ဂေါင်ဝ်က ပြောခဲ့တဲ့စကားကြောင့် ဂျေဟာ သူ့အပေါ် ငြိတွယ်လာခဲ့တယ်။ ဂေါင်ဝ် သူဝါသနာပါတဲ့အားကစားကို ဆက်လုပ်နိုင်ဖို့လည်း ဂျေက ပံ့ပိုးပေးခဲ့ပါတယ်။ ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှ ဂေါင်ဝ်က ဂျေ့ဘက်ကို မကြည့်ဘဲ သူ့ဝါသနာကိုပဲ ဦးစားပေးနေခဲ့တယ်။ နောက်ဆုံးမှာတော့ ဂျေက သူ့ကို လက်လွှတ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဂျေမရှိတော့တဲ့ဘဝမှာ ကိုယ့်ပတ်ဝန်းကျင်နဲ့ နေသားကျအောင် ကြိုးစားနေရတဲ့ ဂေါင်ဝ်အတွက် နောက်ထပ်စိန်ခေါ်မှုတစ်ခုပါ ပေါ်လာတယ်။ သူ့ရဲ့ Sport stacking ချန်ပီယံနေရာကို ခြိမ်းခြောက်နိုင်သူတစ်ယောက် ရောက်လာတာပါ။ ပြောင်းလဲသွားတဲ့ အချစ်ရေးနဲ့ မစွန့်လွှတ်နိုင်တဲ့ အားကစားကြားမှာ ဂေါင်ဝ် ဘယ်လိုဆက်လျှောက်မလဲ။ ဂျေအဖြစ် YaYa Urassaya နဲ့ ဂေါင်ဝ်အဖြစ် Nat Kitcharit တို့ သရုပ်ဆောင်ထားပါတယ်။

ဇာတ်လမ်းအကြောင်း