ဇာတ်ကားများ ရွေးရန်

Death Cycle

2026ဇာတ်ကားအမှတ် 4.0/1080 မိနစ်

Death Cycle (2026) IMDb Rating (4.6) အက်ဘီဟာ အစ်မဖြစ်သူသေဆုံးသွားခဲ့တဲ့ ယာဉ်တိုက်မှုကနေ သီသီလေးလွတ်မြောက်ပြီးလက်ရှိအချိန်မှာ ကုထုံးတွေခံယူနေရဆဲ၊ နာလန်ထူဖို့ကြိုးစားဆဲ မိန်းမငယ်တစ်ယောက်ပါ။ လက်ရှိအချိန်မှာတော့သူတို့နှစ်ယောက်ကို ကားနဲ့တိုက်ပြီးတဲ့နောက် တာဝန်မယူပဲသက်သေဖျောက်ဖို့ကြိုးစားခဲ့သလို၊ ငွေနဲ့ပေါက်ပြီးအမှုပိတ်အောင်လုပ်ခဲ့တဲ့ ဆူလီဗန်မိသားစုဝင်တွေတစ်ယောက်ပြီးတစ်ယောက် ရက်ရက်စက်စက်အသတ်ခံနေရပါတယ်။ အဲ့ဒီတော့ အက်ဘီကပဲ ဒီလူသတ်မှုတွေမှာ ပင်မသံသယရှိသူတစ်ယောက်ဖြစ်လာပါတော့တယ်။ ဒါပေမယ့် သူ့ကိုလာစုံစမ်းတဲ့ သတင်းထောက်နဲ့ အက်ဘီထိုင်စကားပြောနေချိန်မှာလည်း မြို့ထဲမှာတော့ သားရေဂျာကင်ဝတ်ဆိုင်ကယ်စီးလူသတ်သမားတစ်ယောက်က လူတွေကို ရက်ရက်စက်စက်လိုက်သတ်နေဆဲပါပဲ။ ဇာတ်လမ်းကို အီတလီစတိုင် စိတ္တဇလူသတ်ကား (Giallo) ပုံစံမျိုးပြထားပေမယ့် ရိုက်ချက်နဲ့ အထာတွေက John wick ပထမကားနဲ့အတော်ဆင်ပြီး မိုက်ပါတယ်။ အထူးသဖြင့်ဆိုင်ကယ်ကိုလူသတ်လက်နက်အဖြစ်အသုံးချပြီးအသက်နူတ်တဲ့ ဇာတ်ဝင်ခန်းတွေမှာ တီထွင်ဆန်းသစ်မှုတွေကိုမြင်ရပါတယ်။ ပြသချိန်တိုလွန်းပြီး လိုရင်းရောက်ဖို့အမြန်သွားထားတာကြောင့် ပရိသတ်အနေနဲ့ဇာတ်ကောင်တွေနဲ့လိုက်ပါစီးမျောဖို့ခက်သွားတာတော့ ရှိပါတယ်။ ဒါပေမယ့်လည်း ဇာတ်လမ်းဇာတ်ကွက်အနှစ်သာရထက် အမိုက်စားစတိုင်ကိုပဲ ဦးစားပေးထားတာမို့ သွေးထွက်သံယိုအက်ရှင်ခန်းတွေကိုသဘောကျတဲ့သူတွေအဖို့ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ကောင်းမယ့် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ File size… (840 MB) / (560 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Horror,Thriller Duration…. 01:20:42 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း