Turbo Cola
အလွန်ချမ်းအေးတဲ့ ၁၉၉၉ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် ညမှာ မြို့ငယ်လေးက အော်စတင်ဟာ Quality Mart စတိုးဆိုင်မှာ အလုပ်လုပ်နေပါတယ်။ တခြားလူငယ်တွေကတော့ ၂၀၀၀ ပြည့်နှစ်ရောက်ရင် ကမ္ဘာပျက်တော့မယ်လို့ တွေးပြီး နှစ်သစ်ကူးပါတီမှာ အစွမ်းကုန် ပျော်နေကြတယ်။ အော်စတင်က ဆိုင်မှာ အလုပ်လုပ်နေပေမယ့် သူ့မှာ သီးသန့်အစီအစဉ်တစ်ခု ရှိနေပါတယ်။ နှစ်သစ်ကူးချိန်မှာ သူအလုပ်လုပ်နေတဲ့ဆိုင်ကို ခိုးဖို့ သူငယ်ချင်း ဆွယ်စကီနဲ့ ကြိုတင်ကြံစည်ထားတာပါ။ ကိုယ်စီအိပ်မက်တွေနဲ့ အမှားအယွင်းမရှိတဲ့ ရာဇဝတ်မှုတစ်ခု ကျူးလွန်ဖို့ စီစဉ်ထားကြပေမယ့် မထင်ထားတဲ့လူတွေနဲ့ အဖြစ်အပျက်တွေကို ကြုံလာရတယ်။ အဲဒီအလွဲတွေကြားမှာ သူတို့နှစ်ယောက်ရဲ့ အကြံအစည်က စီစဉ်ထားသလို ဖြစ်လာနိုင်ပါ့မလား။
ဇာတ်လမ်းအကြောင်း