ဇာတ်ကားများ ရွေးရန်

The Doll (aka) La Poupée

2026ဇာတ်ကားအမှတ် 6.0/10100 မိနစ်

The Doll (2026) IMDb Rating (5.5) ဇာတ်လမ်းသွားက သာမန်ရုပ်ရှင်တွေနဲ့မတူဘဲ စိတ်ကူးယဉ်ဆန်ဆန် ဖြစ်ရပ်တွေကို ရောနှောရိုက်ကူးထားတဲ့ Surreal Fantasy / Comedy-Drama ကားတစ်ကား ဖြစ်ပါတယ်။ ပြင်သစ်ရဲ့ နာမည်ကျော်မင်းသား Vincent Macaigne က အထီးကျန်ပြီး အူကြောင်ကြောင်နိုင်တဲ့ ဇာတ်ကောင်စရိုက်ကို အပိုင်နိုင်ဆုံး သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းကတော့ မြက်ခင်းတု ရောင်းချတဲ့ လုပ်ငန်းရှင် အမျိုးသားတစ်ဦးအကြောင်းပါ။ သူဟာ အချစ်ရေးမှာ ကံဆိုးခဲ့ရပြီးနောက် လူတွေနဲ့ ဝေးဝေးနေပြီး လူတစ်ကိုယ်စာ အရွယ်အစားရှိတဲ့ အရုပ်မတစ်ရုပ်နဲ့အတူ အထီးကျန်စွာ နေထိုင်နေသူပါ။ ဒါပေမဲ့ သူ့ရဲ့ကုမ္ပဏီကို ယာယီအလုပ်သမား တစ်ယောက် ရောက်ရှိလာတဲ့အခါမှာတော့ အရာအားလုံး ပြောင်းလဲသွားပါတော့တယ်။ သူ့ရဲ့ သက်မဲ့အရုပ်ဟာ မထင်မှတ်ဘဲ အသက်ဝင်လှုပ်ရှားလာပြီး ထူးဆန်းတဲ့အရာတွေကို ဖန်တီးလာတဲ့အခါမှာတော့... သူ့ရဲ့ အေးစက်နေတဲ့ဘဝဟာ ဘယ်လိုပုံစံနဲ့ ပြောင်းလဲသွားမလဲဆိုတာကို စိတ်ကူးယဉ်ဆန်ဆန် ပုံဖော်ထားပါတယ်။ (ဝတ်လစ်စလစ် အခန်းတချို့ပါသောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါကြောင်း အသိပေးအပ်ပါသည်။) File size… (1.5 GB) / (830 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy,Romance Duration…. 01:16:48 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း