ဇာတ်ကားများ ရွေးရန်

Cocote Tonggo

2025ဇာတ်ကားအမှတ် 6.0/10117 မိနစ်

Cocote Tonggo (2025) ဒီတစ်ခါမှာတော့ အင်ဒိုနီးရှားရုပ်ရှင်လောကရဲ့ လူမှုရေးဆိုင်ရာ ဖိအားတွေနဲ့ လူ့သဘာဝကို ပုံဖော်ထားတဲ့ ၂၀၂၅ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ "Cocote Tonggo" ဆိုတဲ့ ရုပ်ရှင်ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်ကားက လူမှုအသိုင်းအဝိုင်းရဲ့ ချုပ်ကိုင်မှု၊ အိမ်နီးချင်းတွေရဲ့ အတင်းအဖျင်းစကားတွေနဲ့ ဖိအားပေးမှုတွေကို အခြေခံထားတာဖြစ်ပြီး အင်ဒိုနီးရှားတို့ရဲ့ ရိုးရာယဉ်ကျေးမှုအရ အိမ်နီးချင်းအချင်းချင်း ဂရုစိုက်သယောင်နဲ့ တစ်ဖက်လူရဲ့ လွတ်လပ်ခွင့်ကို ဘယ်လိုမျိုး နင်းချေတတ်ကြသလဲဆိုတာကို ပီပီပြင်ပြင် ရိုက်ပြထားတဲ့ ဇာတ်ကားပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ဇာတ်လမ်းကတော့ မိသားစုရဲ့ ရိုးရာဆေးဖက်ဝင် ဂျယ်မူဂျိုဂျိုလုပ်ငန်းကို ဆက်ခံထားတဲ့ လူကီနဲ့ မူနီဆိုတဲ့ လင်မယားနှစ်ယောက်အကြောင်းကို အဓိကထား ရိုက်ကူးထားတာဖြစ်ပါတယ်။ သူတို့ရဲ့ ​ဆေးဆိုင်ရဲ့သားသမီးရ​​စေတဲ့​ဆေးက နာမည်ကြီးပြီး အောင်မြင်နေပေမယ့် သူတို့ရဲ့ ကလေးမရနိုင်သေးတဲ့ ပြဿနာက​တော့ အားနည်းချက်တစ်ခုဖြစ်​နေပါတယ်။ ဒီပြဿနာကို အခွင့်ကောင်းယူပြီး သူတို့ရဲ့ အိမ်နီးချင်းတွေက စပ်စုတာ၊ နောက်ကွယ်ကနေ အတင်းအဖျင်း ပြောဆိုတာတွေနဲ့ အမြဲလိုလို ဖိအားပေးနေကြပါတယ်။ အထူးသဖြင့် ကလေးမရနိုင်တဲ့အပေါ်မှာ မိန်းမတစ်ယောက်ရဲ့ တန်ဖိုးကို တိုင်းတာသလိုမျိုး ပုံဖော်ပြောဆိုကြတဲ့အတွက် လူကီနဲ့ မူနီတို့ဟာ စိတ်ပိုင်းဆိုင်ရာအရ အလွန်အမင်း ဖိစီးမှုတွေကို ခံစားလာရပါတယ်။ သူတို့ကိုယ်တိုင်က တခြားသူတွေအတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ ဆေးဖက်ဝင် အရည်တွေကို ဖော်စပ်ရောင်းချပေးနေပေမယ့် သူတို့ရဲ့ ကိုယ်ပိုင်ဘဝမှာတော့ ပျော်ရွှင်မှုမရှိတဲ့ ထောင်ချောက်ထဲ ရောက်နေသလိုပါပဲ။ ဒီဇာတ်ကားဟာဆိုရင် အိမ်နီးချင်းတွေရဲ့ "Cocote" (အတင်းစကားများ) ကြောင့် လူတစ်ယောက်ရဲ့ဘဝ ဘယ်လောက်အထိ ပျက်စီးနိုင်သလဲဆိုတာကို သရော်ထားတဲ့ လူမှုရေးရုပ်ရှင်ကား ဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့ ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့်ကို လူ့အဖွဲ့အစည်းက ဘယ်လိုမျိုး အဆိပ်သင့်စေသလဲဆိုတာကို မြင်တွေ့ရမှာမို့လို့ လက်မလွှတ်သင့်တဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ File Size - 1.3 GB/ 609 MB Quality - WEB-DL 1080p/ 720p Duration - 1h 51m Format - mp4 Genre - Comedy, Drama Subtitle - Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း