ဇာတ်ကားများ ရွေးရန်

Bight

2026ဇာတ်ကားအမှတ် 10.0/1093 မိနစ်

Bight (2026) IMDb Rating (4.6) ချာလီနဲ့အနုပညာရှင် ခင်ပွန်းသည် အက်တီကပ်စ်တို့ဟာ အလုပ်ကိစ္စတွေနဲ့အေးစက်နေတဲ့သူတို့ရဲ့ ဆက်ဆံရေးကို ပြန်အသက်သွင်းဖို့ကြိုးစားနေကြတာပါ။ တစ်နေ့တော့ သူတို့ကို သူငယ်ချင်းလင်မယားဖြစ်တဲ့ ပန်းချီဆရာမ နာအိုမီနဲ့ ဓာတ်ပုံဆရာ ဆီဘတ်ရှန်တို့က သူတို့တိုက်ခန်းမှာလုပ်တဲ့ပါတီပွဲတစ်ခုကို တက်ရောက်ဖို့ဖိတ်ကြားလာပါတယ်။ ဒါပေမယ့် အဲ့ဒီတိုက်ခန်းကိုရောက်သွားချိန်မှာတော့ဖိတ်ကြားခံရတဲ့ ဧည့်သည်တွေဟာ သူတို့နှစ်ယောက်ပဲရှိနေတာကိုသိလိုက်ရပါတော့တယ်။ ဓာတ်ပုံဆရာဆီဘတ်ရှန်က သူ့ရဲ့ထူးထူးခြားခြားအနုပညာပရောဂျက်တစ်ခုအတွက် ချာလီတို့လင်မယားကို ကြိုးတွေနဲ့တုပ်နှောင်တဲ့ (Bondage) ဓာတ်ပုံရိုက်ကူးဖို့ ကမ်းလှမ်းလာပြီး ဒါဟာ သူတို့ရဲ့အေးစက်နေတဲ့ အိမ်ထောင်ရေးကိုပြန်လည်နွေးထွေးအောင်အသက်သွင်းနိုင်တယ်လို့ဆိုလာပါတယ်။အိမ်ထောင်ရေး ပြေလည်လိုပြေလည်ငြား ချာလီကလက်ခံလိုက်ပေမယ့် ဆီဘတ်ရှန်က သူတို့အစားအစာတွေမှာဆေးခတ်ထားတာကိုတော့ သူတို့မသိလိုက်ရပါဘူး။ အနုပညာဆန်ဆန်စတင်ခဲ့တဲ့ ရိုက်ကွင်းဟာ ဆီဘတ်ရှန်ရဲ့အကြံဆိုးကြီးပေါ်ထွက်လာချိန်မှာတော့ ကြောက်စရာ အမှောင်ထောင်ချောက်တစ်ခုဖြစ်သွားပါတော့တယ်။ ကာမရာဂနှိုးဆွတဲ့ Bondage ဓလေ့အပေါ်အခြေခံထားပေမယ့်၊ အပြောတွေရော အပြတွေပါသိမ်မွေ့ပြီး အဝတ်ဗလာညစ်ညမ်းတာမျိုးထက် စိတ်ပိုင်းဆိုင်ရာ ခြောက်ခြားမှုနဲ့လှည့်ကွက်တွေကိုဦးစားပေးထားတဲ့Thriller ကားကောင်းတစ်ကားပါ။ ဒါပေမယ့်လည်း တစ်ချို့ဇာတ်ဝင်ခန်းတွေကြောင့်တော့ မိသားစုနဲ့ကြည့်ဖို့အဆင်မပြေပါဘူး။ (ဝတ်လစ်စလစ် အခန်းတချို့ပါသောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါကြောင်း အသိပေးအပ်ပါသည်။) File size… (760 MB) / (490 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama,Horror,Thriller Duration…. 01:34:52 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း