ဇာတ်ကားများ ရွေးရန်

Gary

2026ဇာတ်ကားအမှတ် 6.3/1060 မိနစ်

Gary (2026) The Bear စီးရီးရဲ့ Spin-off ပုံစံမျိုးနဲ့ မကြာသေးခင်ကမှ ထွက်ရှိလာတဲ့ TV-Movie ပုံစံမျိုး ဖြစ်ပါတယ်။ ဒီကောင်က စီးရီးရဲ့ Timeline အရ ပြောမယ်ဆိုရင် Season 1 မဖြစ်သေးခင်ကာလကို အခြေပြု တင်ဆက်ထားတာပါ။ နောက်ပြီး စီးရီးရဲ့အဓိက ဇာတ်ကောင် စားဖိုမှူးကာမီလည်း ပါဝင်ခြင်းမရှိပါဘူး။ သူ့အစ်ကိုရင်းဖြစ်တဲ့ မိုက်ကီနဲ့ ရစ်ချီတို့ နှစ်ယောက်ရဲ့ Bromance အကြောင်းလေးကိုပဲ ဖော်ပြပေးထားတာပါ။ ဒီဟာလေးကို ကြည့်လိုက်မယ်ဆိုရင် ရစ်ချီကြီးတစ်ယောက် စီးရီးထဲမှာ ဘာလို့ အော်ဟစ်သောင်းကျန်း ရိုင်းစိုင်းနေရသလဲဆိုတာကို ပိုပြီး နားလည်ခံစားပေးနိုင်မယ်လို့ ထင်မိပါတယ်။ မိုက်ကီတစ်ယောက်လည်း ဘာကြောင့် အဆုံးစီရင်ခဲ့ရသလဲဆိုတာမျိုး ပိုပြီး သိသွားနိုင်မယ်ထင်ပါတယ်။ ဇာတ်လမ်းလေးကလည်း ဘာဆိုဘာမှ ထူးခြားတာမပါဘူးရယ်။ မိုက်ကီရယ် ရစ်ချီရယ် ညီအစ်ကိုဘော်ဒါနှစ်ယောက် အန်ကယ်ဂျင်မီ ခိုင်းထားတဲ့ အလုပ်လေးကို ဂယ်ရီမြို့ကို သွားပြီး နေ့ချင်းပြန်ခရီးလေး သွားလုပ်ကြတာပဲ။ လမ်းခရီးတလျှောက် အစပိုင်းတော့ ပျော်ပျော်ပါးပါး စလိုက်နောက်လိုက် ဟီလာတိုက်ပြီး အလုပ်မစခင် အချိန်ဖြုန်းရာကနေ တဖြည်းဖြည်း ဘယ်လို ကတောက်ကဆတွေဖြစ် အရက်တွေ ဆေးတွေပါလာတဲ့အခါ ဘာတွေ ပြဿနာတက်ကြမလဲဆိုတာကို Bromance သံယောဇဉ်အနေနဲ့ ကြည့်ရှုခံစားရမှာပဲ ဖြစ်ပါတယ်...။

ဇာတ်လမ်းအကြောင်း