It's OK
ဒီတစ်ခါမှာတော့ အမျိုးသမီးတွေ ရာစုနှစ်များစွာကြာ ခံစားလာခဲ့ရတဲ့ “အပျိုစင်စိတ်ကူးယဉ်ဖိအား” နဲ့ “မိန်းမကောင်းတစ်ယောက်ရဲ့ လုပ်သင့်လုပ်ထိုက်မှု” ဆိုတဲ့ သတ်မှတ်ချက်တွေကို သဘာဝကျကျ ဖော်ပြထားတဲ့ရုပ်ရှင်လေးတစ်ကားနဲ့မိတ်ဆက်ပေးပါမယ်ဒီကားလေးထဲမှာ ထိုင်ဝမ်မင်းသမီး Vicky Chen က Xu Ke အဖြစ် စိတ်ဖိအားတွေအောက်မှာ ပင်ပန်းနေရတဲ့ သမီးတစ်ယောက်ရဲ့ ခံစားချက်ကို သဘာဝကျကျ သရုပ်ဆောင်ထားပြီး၊မင်းသမီးကြီး Qin Hailu က Hu Chunrong အဖြစ် အိမ်ထောင်ရေးပြဿနာတွေကြား ပိတ်မိနေတဲ့ မိခင်တစ်ယောက်ရဲ့ အထီးကျန်မှုကို ပေါ်ပေါ်လွင်လွင် သရုပ်ဆောင်ထားပါတယ် *ဇာတ်လမ်းအညွှန်း* မူလတန်းပြကျောင်းဆရာမလေး ရွှီခယ်ဟာ ကျောင်းအားကစားပွဲမှာ ရုတ်တရက် သွေးဆင်းပြီး လဲကျသွားရာကနေ သူမမှာ သားအိမ်အတွင်း polyp (အသားပို) ရှိနေကြောင်း သိလာရပါတယ်… ခွဲစိတ်ကုသဖို့ စဉ်းစားနေရင်း အလုပ်ဖိအား မိသားစုအဆင်မပြေမှုတွေနဲ့ စိတ်ပင်ပန်းမှုတွေကိုလည်း ရင်ဆိုင်နေရသူပါ…တစ်ဖက်မှာတော့ သူမရဲ့ မိခင် ဟူချွင်းရုံက နှစ်ပေါင်းများစွာ မပျော်ရွှင်ခဲ့တဲ့ အိမ်ထောင်ရေးဘဝကနေ လွတ်မြောက်ချင်ပြီး အိမ်ကနေ ထွက်ပြေးဖို့တောင် စဉ်းစားနေခဲ့ပါတယ် မိခင်နဲ့ သမီးဟာ တစ်ယောက်ကိုတစ်ယောက် ချစ်ကြပေမဲ့ နားလည်မှုလွဲခြင်းတွေနဲ့ အနာတရတွေကြားမှာ ဝေးကွာနေကြသူတွေပါ ဒါပေမဲ့ ကိုယ့်ဘဝပြဿနာကိုယ် ရင်ဆိုင်ဖြေရှင်းကြရင်း နောက်ဆုံးမှာတော့ တစ်ယောက်ရဲ့ အားနည်းချက်နဲ့ မပြည့်စုံမှုတွေကို တစ်ယောက်က နားလည်ခွင့်လွှတ်ပေးနိုင်လာကြပါ့မလားဆိုတာ… မိသားစုအချစ် အမျိုးသမီးတစ်ယောက်ရဲ့ ဖိအားတွေ မိခင်နဲ့သမီးကြားကဆက်ဆံရေးနဲ့ နားလည်မှုလွဲခြင်းတွေ မပြောဖြစ်တဲ့စကားတွေ ချစ်ပေမဲ့ နာကျင်စေမိတဲ့အခြေအနေတွေကို တကယ်အသက်ဝင်အောင် ဖော်ပြထားတာကြောင့် ကြည့်နေရင်း ကိုယ့်မိသားစုအကြောင်းတောင် ပြန်တွေးမိစေနိုင်မဲ့ ရင်ထဲထိမိစေမဲ့ ရုပ်ရှင်လေးတစ်ကားဖြစ်မှာပါ ဒီကားလေးထဲမှာ ယနေ့ခေတ်အမျိုးသမီးတွေရဲ့ ဘဝနဲ့ ရာစုနှစ်များစွာက ဖိနှိပ်ခံခဲ့ရမှုတွေကို ရင်ထဲထိအောင် ပြောပြပေးထားပြီး နောက်ဆုံးမှာတော့ အမျိုးသမီးတွေဟာ ပိုပိုပြီး သတိပြုနားလည်လာကြပြီး ကိုယ့်ဘဝကိုယ်အတွက် လှလှပပ ရှင်သန်ဖို့ ကြိုးစားလာကြတာကို ခံစားရစေမှာပါ Filesize : 1.54 GB / 887 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mp4 Genres : Drama , Comedy Runtime : 1h 58 min Subtitle : Myanmar Subtitle ( Hardsub )
ဇာတ်လမ်းအကြောင်း