ဇာတ်ကားများ ရွေးရန်

Satan - The Dark

2026ဇာတ်ကား144 မိနစ်

The Dark Satan 2026 ‌အမှောင်နတ်ဆိုး IMDb 5.7 အရှေ့အိန္ဒိယကုမ္ပဏီတွေ အိန္ဒိယထဲဝင်လာပြီး အုပ်ချုပ်ခဲ့တဲ့ ခေတ်ဟောင်းကာလဆီကို ခေါ်သွားမယ့် ကြောက်စရာ ကောင်းလှတဲ့ horror thriller ကားသစ်ကြီးတစ်ကားပါ ဇာတ်လမ်းရဲ့ အစကတော့ အဲဒီခေတ်တုန်းက အမှားအယွင်းတစ်ခုကြောင့် ပျက်စီးသွားခဲ့ရတဲ့ စုန်းကဝေအတတ် လျှို့ဝှက်အစီအရင်တစ်ခုကနေ စတာပေါ့ အဲဒီကျရှုံးသွားတဲ့ အစီအရင်ကြောင့်ပဲ အက်စတင်နာပူရမ်ဆိုတဲ့ ရွာကလေးတစ်ခုလုံးက မျိုးဆက်နဲ့ချီပြီး ဆိုးဝါးလှတဲ့ ကျိန်စာသင့်တာကို ခံလိုက်ရပါတယ် ဒီလိုနဲ့ နှစ်ပေါင်းများစွာ ကြာလာတဲ့အခါမှာတော့ တစ်ရွာလုံး အမှောင်ဖုံးပြီး ကျိန်စာမိနေတဲ့ကြားထဲက ရွာကလူငယ်အမျိုးသားတစ်ယောက်ရဲ့ ဘဝထဲကို အချစ်ဇာတ်လမ်းလေးတစ်ခု ရောက်လာခဲ့ပါတယ် ဒါပေမဲ့ သူ့ရဲ့ အသက်ထက်ချစ်ရတဲ့ ချစ်သူကောင်မလေးက အဲဒီရွာရဲ့ ကြောက်စရာကောင်းလှတဲ့ ရှေးဟောင်းကျိန်စာဆိုးကြီးရဲ့ သားကောင်ဖြစ်ဖို့ လမ်းစကြုံလာရတဲ့အခါမှာတော့ ဒီလူငယ်လေးရဲ့ ဘဝက ဘယ်လို အလှည့်အပြောင်းတွေ ဖြစ်ကုန်မလဲ သူ့ချစ်သူကို ဒီသေမင်းတမန်ဘေးကနေ ကယ်တင်ဖို့အတွက် ရွာရဲ့အမှောင်ဖုံးနေတဲ့ သမိုင်းဆိုးတွေ၊ ဘယ်သူမှမသိတဲ့ လျှို့ဝှက်ချက်တွေနဲ့အတူ တန်ခိုးအာဏာကြီးလှတဲ့ အမှောင်ထုအင်အားစုကြီးကို အသက်နဲ့ရင်းပြီး တစ်ယောက်တည်း ရင်ဆိုင်တိုက်ခိုက်ရမယ့် အန္တရာယ်ကြားထဲ ရောက်သွားပုံကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရမှာ ဖြစ်ပါတယ် File size…1.8 GB / 900 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 40m Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း