Our Huff and Puff Journey
အီချီနို၊ ချီအဲ၊ ဆက်ဆွန်နဲ့ ဖူမီကိုတို့ဟာ ဂီတကို ရူးသွပ်တဲ့ အထက်တန်းကျောင်းသူ သူငယ်ချင်းလေးယောက်ပါ။ သူတို့ထဲက ဖူမီကိုက သူအကြိုက်ဆုံးအိုင်ဒေါ ကာအိုစံပါတဲ့ ခရိဟိုက်တေးဂီတအဖွဲ့ တိုကျိုမှာ ဖျော်ဖြေမယ့်ပွဲကို သွားချင်လို့ အိမ်နဲ့ရန်ဖြစ်ပြီး ထွက်လာခဲ့တယ်။ ကျန်သုံးယောက်ကတော့ အိမ်ပြေးလာကြတာမဟုတ်ဘဲ အချစ်ဆုံးသူငယ်ချင်းကို အဖော်လုပ်ပေးဖို့ အတူလိုက်လာကြတာပါ။ တိုကျိုအထိ လေးရက်လောက်ကြာမယ့်ခရီးကို သူတို့လေးယောက် စက်ဘီးကိုယ်စီနဲ့ ထွက်လာကြပါတယ်။ ကျောင်းသူတွေဆိုတော့ မုန့်ဖိုးများများလည်း မပါကြဘူး။ စက်ဘီးဆက်မနင်းနိုင်တော့တဲ့အချိန်တွေမှာတော့ ကူညီပေးတဲ့ လူကောင်းတွေနဲ့ ဆုံခဲ့ကြရတယ်။ တစ်မြို့ပြီးတစ်မြို့ အကူအညီတောင်းရင်း ခရီးဆက်လာကြပေမယ့် လက်ထဲမှာ ယန်း ၃၀၀ ပဲ ကျန်တော့တဲ့အခါ သူငယ်ချင်းတွေကြား အမြင်မကြည်လင်တော့ဘဲ တဖြည်းဖြည်း သွေးကွဲလာကြပါတယ်။ သူတို့လေးယောက် အချင်းချင်း ဘယ်လိုပြန်ညှိကြမလဲ။ သွားချင်နေတဲ့ ဂီတဖျော်ဖြေပွဲဆီကိုရော ချောချောမောမော ရောက်နိုင်ကြပါ့မလား။
ဇာတ်လမ်းအကြောင်း