ဇာတ်ကားများ ရွေးရန်

I Am Frankelda

2025ဇာတ်ကားအမှတ် 8.4/10104 မိနစ်

I Am Frankelda (2025) IMDb Rating (7.2) မက္ကဆီကိုနိုင်ငံရဲ့ ထူးခြားတဲ့ Stop-motion ရုပ်သေးအတတ်ပညာနဲ့ ဖန်တီးထားပြီး စုန်းကဝေပုံပြင်တွေ၊ ကြောက်မက်ဖွယ်ရာ သတ္တဝါတွေနဲ့ စိတ်ကူးယဉ်ကမ္ဘာကို ပေါင်းစပ်ပုံဖော်ထားတဲ့ Dark Fantasy / Animation ကားတစ်ကား ဖြစ်ပါတယ်။ "၁၉ ရာစု စာရေးဆရာမလေးနှင့်... သူမဖန်တီးခဲ့သော စိတ်ကူးယဉ် ဘီလူးသရဲသဘက်များ" ဇာတ်လမ်းကတော့ ၁၉ ရာစုခေတ်က မက္ကဆီကိုမှာ အရည်အချင်းရှိပြီး စိတ်ဓာတ်ခိုင်မာတဲ့ စာရေးဆရာမလေး Frankelda အကြောင်းပါ။ သူမဟာ ထူးဆန်းထိတ်လန့်စရာ ကောင်းတဲ့ သရဲတစ္ဆေ ပုံပြင်တွေကို ရေးသားရာကနေ... တစ်နေ့မှာတော့ သူမကိုယ်တိုင် ရေးသားဖန်တီးခဲ့တဲ့ မကောင်းဆိုးဝါးတွေနဲ့ ရင်ဆိုင်ဖို့အတွက် သူမရဲ့ မသိစိတ်ကမ္ဘာထဲကို ရောက်သွားပါတယ်။ ဒီခရီးစဉ်မှာ စိတ်ဒဏ်ရာတွေ ပြည့်နှက်နေတဲ့ မင်းသားတစ်ပါးက သူမကို လမ်းပြပေးခဲ့ပါတယ်။ Frankelda ဟာ စိတ်ကူးယဉ်ကမ္ဘာ နဲ့ လက်တွေ့ဘဝ ကြားက ညီမျှခြေ ပျက်စီးမသွားအောင်၊ ကမ္ဘာကြီး ဘေးအန္တရာယ် မကြုံရအောင် အချိန်မနှောင်းခင်မှာ သူမရဲ့ ကိုယ်ပိုင်မကောင်းဆိုးဝါးတွေကို ဘယ်လိုမျိုး ပြန်လည်ရင်ဆိုင် နှိမ်နင်းမလဲဆိုတာကို စိတ်ကူးယဉ်ဆန်ဆန် ရိုက်ပြထားတဲ့ ဇာတ်ကားကောင်းတစ်ခုပါ။ File size… (4.8 GB) / (2.3 GB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Adventure,Animation,Family,Fantasy,Horror Duration…. 01:44:46 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း