ဇာတ်ကားများ ရွေးရန်

Home Sweet Home

2026ဇာတ်ကားအမှတ် 6.5/10

Home Sweet Home (2026) ဒီတစ်ခေါက်မှာတော့ Taxi Driver ထဲက မင်းသား Bae Yu-Ram, Squid Game ထဲက မင်းသမီးကြီး Kang Ae-Sim, မင်းသား Kang Hyuk-Il, မင်းသမီး Kim Kang-Hee နဲ့ Kim Na-Eun တို့ အဓိက ပါဝင်သရုပ်ဆောင်ထားပြီး မိသားစုဆက်ဆံရေးနဲ့ လူမှုရေးပြဿနာတွေကြားမှာ ဖြစ်ပေါ်လာတဲ့ ထိတ်လန့်ဖွယ်ရာအကြောင်းတွေကို အပိုင်း ၃ ပိုင်းခွဲပြီး ရိုက်ကူးထားတဲ့ သည်းထိတ်ရင်ဖိုရုပ်ရှင်သစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ ခင်ပွန်းသည်နဲ့အတူ ယောက္ခထီးရဲ့ ပထမဆုံး နှစ်ပတ်လည်ကန်တော့ပွဲကို သွားရောက်ရာက ထိတ်လန့်ဖွယ်ကောင်းပြီး ထူးဆန်းတဲ့ဖြစ်ရပ်နဲ့ တွေ့ကြုံလိုက်ရတဲ့ ကိုယ်ဝန်ဆောင်မိခင် ယူဂယောင်း (Kim Kang-Hee)... ဖခင်ဖြစ်သူ ဂျွန်အီးလ်နဲ့ အတန်းဖော် မင်ဟိုဆီကနေ အမြဲတမ်း ငွေညှစ်ခံနေရရာက "စကြာဝဠာအသစ် ဆန်းသစ်ပြောင်းလဲမှု စင်တာ"ဆိုတဲ့ အဖွဲ့အစည်းက ဒါရိုက်တာ (Bae Yu-Ram) နဲ့ တွေ့ဆုံမိပြီးနောက် တဖြည်းဖြည်းချင်း ပြောင်းလဲလာပြီး ပျက်စီးခြင်းဆီ ဦးတည်သွားနေတဲ့ ဂျင်းဒို (Kang Hyuk-Il)... လူသူကင်းမဲ့တဲ့ နေရာမှာ ကားပျက်သွားစဉ် အမည်မသိ မိန်းကလေး (Kim Na-Eun) ရဲ့ ကူညီပေးမှုကို လက်ခံမိရာက အန္တရာယ်တွင်းထဲ ကျရောက်သွားရတဲ့ အိမ်ခြံမြေအကျိုးဆောင် ဂန်ဂျောင်အယ် (Kang Ae-Sim)... အန္တရာယ်ဆိုတာ အဝေးကြီးမှာမဟုတ်ဘဲ ကိုယ် ယုံကြည်ထားတဲ့ အကျွမ်းတဝင်အရှိဆုံး ဆက်ဆံရေးတွေထဲမှာတင် ပုန်းကွယ်နေတတ်တယ်ဆိုတာကို သူတို့ ၃ ဦးရဲ့ ဇာတ်လမ်းလေးတွေကနေတစ်ဆင့် ဘယ်လိုပုံဖော်ပြပေးသွားမလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာ ဆက်လက် ကြည့်ရှုပေးကြပါဦးနော်။ File Size : 1.15GB/ 490MB Quality : WEB-DL 1080p/ 720p Format : mp4 Duration : 1hr 35m Genre : Mystery, Thriller, Horror Subtitle : Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း