ဇာတ်ကားများ ရွေးရန်

Marrying the Mafia 3: Family Hustle

2006ဇာတ်ကားအမှတ် 7.1/10128 မိနစ်

Marrying the Mafia 3: Family Hustle ( 2006 ) ဒီတစ်ခါမှာတော့ ဝက်ဝက်ကွဲ ရယ်ရတဲ့ "Marrying the Mafia" အတွဲတွေထဲက တတိယမြောက်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်နော် .. Cast တွေအနေနဲ့ကတော့ ထုံးစံအတိုင်း မင်းသမီးကြီး Kim Soo-Mi ၊ Shin Hyun-Joon ၊ Kim Won-Hee ၊ Lim Hyung-Joon ၊Tak Jae-Hoon ၊Shin Yi စတဲ့သရုပ်ဆောင်ကြီးများ အဓိက ပါဝင်ထားကြပါတယ်။ ဇာတ်လမ်းအညွှန်း Marrying the mafia 2 မှာ သားကြီးဖြစ်သူကို အိမ်ထောင်ချပေးပြီးတဲ့နောက်မှာ ကျားဖြူဂိုဏ်းရဲ့ ခေါင်းဆောင်ကြီး ဟုံးဒေါ့ဂျာဟာ ဂန်းစတားအလုပ်ကို စွန့်လွှတ်ပြီး သန့်သန့်ရှင်းရှင်းပဲနေသွားဖို့ ဆုံးဖြတ်လိုက်ပါတယ် ။ အဲဒါနဲ့ပဲ သူ့ ကျွမ်းကျင်ရာဖြစ်တဲ့ ဂင်ချီ စားသောက်ကုန် ကုမ္ပဏီ တည်ထောင်ပြီး သူ့လက်ရာဂင်ချီတွေကလည်း အရမ်းရောင်းကောင်းနေခဲ့ပါတယ် ။ ဒီလိုအချိန်မှာပဲ သားကြီး ဂျန်အင်ဂျယ်အပေါ် သွေးကြွေးရှိနေတဲ့ အမှုစစ်ဟောင်း ယွန်းက ထောင်ထဲက ထွက်လာပြီး သူတို့ကို လက်စားချေဖို့ ကြိုးစားပါတော့တယ် ။ သူတို့ မိသားစုကြိုးကြိုးစားစားနဲ့ တည်ထောင်ထားတဲ့ ဂင်ချီလုပ်ငန်းမှာ ဘယ်လိုအဖျက်အနှောင့်တွေ ဝင်လာမလဲ ။ အဲဒီ အခက်အခဲတွေကို ဘယ်လိုကျော်လွှားသွားကြမလဲ ဆိုတာတွေကို “ အမေ့လက်ရာ” ဂင်ချီ လုပ်ငန်းဖြစ်ပေါ်လာပုံ သမိုင်းကြောင်းနဲ့အတူ ဟာသနှောပြီး ဆက်လက်ကြည့်ရှုရမှာဖြစ်ပါတယ် ။ File size…1.86GB / 846MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….2 hr. 8 min. Genre …..Food, Comedy, Family Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း