ဇာတ်ကားများ ရွေးရန်

The Altar Boys Aka Ministranci

2025ဇာတ်ကားအမှတ် 7.4/10110 မိနစ်

The Altar Boys AKA Ministranci (2025) IMDb (6.9/10) ဘုရားကျောင်း ဘုရားဝတ်ပြုရာမှာ ကူညီပေးရတဲ့ (Altar Boys) တစ်စုဟာ သူတို့နေထိုင်တဲ့ ပတ်ဝန်းကျင်က လူကြီးတွေနဲ့ ခရစ်ယာန်အသင်းတော်ရဲ့ မတရားမှုတွေအပေါ် လျစ်လျူရှုထားတဲ့အခြေအနေကို စိတ်ပျက်လာကြပါတယ်။ဒီအခါမှာတော့ သူတို့ဟာ သူတို့ရဲ့ကိုယ်ပိုင် ကိုယ်ကျင့်တရား ပြုပြင်ပြောင်းလဲရေး စီမံကိန်းကို စတင်လိုက်ကြပါ‌တော့တယ်။ ကျမ်းစာအပေါ် သူတို့ဘာသာ အနက်ဖွင့်ပြီး ဘုရားကျောင်းက အာပတ်ဖြေ ဝန်ခံတဲ့နေရာ (Confessional) အခန်းမှာ လျှို့ဝှက်အသံနားထောင်စက်တွေ တပ်ဆင်လိုက်ကြပါတယ်။ အဲ့ဒီကနေတစ်ဆင့် ပတ်ဝန်းကျင်ကလူတွေရဲ့ အပြစ်တွေကို ဖော်ထုတ်၊ သူခိုးကြီး ရော်ဘင်ဟုလို ပုံစံမျိုးနဲ့ မတရားလုပ်တဲ့သူတွေကို အပြစ်ပေးပြီး ဒုက္ခရောက်နေသူတွေကို ကူညီပေးဖို့ ကြိုးစားကြပါတယ်။ဒါပေမဲ့ သူတို့ရဲ့ ရည်ရွယ်ချက်ကောင်းတွေဟာ နောက်ပိုင်းမှာ အမှားနဲ့အမှန် အကောင်းနဲ့အဆိုး ကြားက စည်းတွေ ဝေဝါးလာတဲ့အခါမှာတော့ အန္တရာယ်ရှိတဲ့ ဂိမ်းတစ်ခုလို ဖြစ်လာပါတော့တယ်။ဒီဇာတ်ကားဟာ ခေတ်သစ်လူငယ်တွေရဲ့ ဘဝအမြင်၊ ဘာသာရေးအပေါ် အမြင်နဲ့ လူမှုပတ်ဝန်းကျင်က ဟန်ဆောင်မှုတွေကို ဝေဖန်ထားတဲ့ "Deep" ဖြစ်တဲ့ ဇာတ်ကားမျိုးကို ကြိုက်နှစ်သက်သူတွေအတွက် အထူးကြည့်သင့်တဲ့ဇာတ်ကားပဲဖြစ်ပါတယ်။ File size… 1.42 GB / 737 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 50m Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း