ဇာတ်ကားများ ရွေးရန်

Chhatriwali

2023ဇာတ်ကားအမှတ် 6.0/10117 မိနစ်

ရာကူးပရိဆင်း ပါဝင်ထားတဲ့ ဒီဇာတ်ကားက သားဆက်ခြားကျန်းမာရေးအကြောင်းကို ဟာသနဲ့ ရောပြီး တင်ပြထားပါတယ်။ ကျားမတန်းတူညီမျှရေးဆိုတာ အလုပ်ခွင်မှာ နေရာတန်းတူပေးရုံလား၊ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုမလုပ်တာလား၊ အမျိုးသမီးအခွင့်အရေးကို လေးစားလိုက်နာတာလားဆိုတဲ့ မေးခွန်းတွေကနေ ဒီအကြောင်းအရာကို မိတ်ဆက်ထားတာပါ။ အမျိုးသမီးတွေအပေါ် ရှေးရိုးစွဲအမြင်တွေကို တွန်းလှန်လာကြတဲ့အကြောင်းနဲ့အတူ သားဆက်ခြားရာမှာ သုံးတဲ့ တားဆေးတွေရဲ့ ဆိုးကျိုးတွေနဲ့ အဖော်သုံးသင့်ပုံကို ထည့်ပြောထားတယ်။ ကျန်းမာရေးပညာပေးအကြောင်းအရာကို ပေါ့ပေါ့ပါးပါး ဟာသပုံစံနဲ့ တင်ဆက်ထားပါတယ်။

ဇာတ်လမ်းအကြောင်း