The Lords of Flatbush
The Lords of Flatbush (1974) မင်းသားကြီး Sylvester Stallone အနေနဲ့ ကမ္ဘာကျော် Rocky ဇာတ်ကားနဲ့ မအောင်မြင်ခင်၊ သူ့ရဲ့ အစောပိုင်း သရုပ်ဆောင်ဘဝမှာ ပထမဆုံးအကြိမ်အဖြစ် လူသတိထားမိစေခဲ့တဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ်။ ၁၉၅၀ ပြည့်လွန်နှစ်တွေက ဘရွတ်ကလင်ရဲ့ လမ်းမထက်က လူငယ်တွေရဲ့တွေကို ပေါ့ပေါ့ပါးပါးနဲ့ လက်တွေ့ဆန်ဆန် ပုံဖော်ထားတဲ့ ဂန္ထဝင် Comedy-Drama ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ၁၉၅၀ ခုနှစ်များက နယူးယောက်မြို့၊ ဘရွတ်ကလင်အရပ်က Flatbush အထက်တန်းကျောင်းက သူငယ်ချင်း ၄ ယောက်အကြောင်းပါ။ သူတို့ဟာ သားရေဂျာကင်တွေဝတ်၊ ဆံပင်တွေ ဆီပြန်နေအောင်လိမ်းပြီး "The Lords of Flatbush" ဆိုတဲ့ လမ်းသရဲဂိုဏ်းတစ်ခု ဖွဲ့ထားကြပါတယ်။ အပြင်ပန်းကြည့်ရင်တော့ လမ်းပေါ်မှာ ရမ်းကားအထာကျချင်တဲ့ လူမိုက်ပုံစံမျိုးပါ။ ဒါပေမဲ့ တကယ်တမ်းမှာတော့ သူတို့ဟာ ရန်ဖြစ်တာထက် မိန်းကလေးတွေနဲ့ ချိန်းတွေ့ဖို့ ၊ ရည်းစားလုဖို့နဲ့ ကားခိုးစီးဖို့တွေကိုပဲ ပိုပြီး စိတ်ဝင်စားကြသူတွေ ဖြစ်ပါတယ်။ အထူးသဖြင့် ဂိုဏ်းဝင်နှစ်ယောက်ဖြစ်တဲ့ Stanley (Sylvester Stallone) တစ်ယောက် သူ့ရဲ့ ရည်းစားကောင်မလေး ကိုယ်ဝန်ရှိသွားလို့ အတင်းအဓမ္မ လက်ထပ်ဖို့ ဖိအားပေးခံရပုံတွေ၊ Chico (Perry King) တစ်ယောက် ကျောင်းက မိန်းကလေးအသစ်လေးနောက်ကို တကောက်ကောက်လိုက်ပြီး ပိုးပန်းပုံတွေနဲ့အတူ... အပျော်ကြိုက်တဲ့ လူငယ်ဘဝကနေ တာဝန်ယူရမယ့် လူကြီးဘဝ ထဲကို မဝင်ချင်ဝင်ချင်နဲ့ ကူးပြောင်းရတဲ့အခါ ဘယ်လိုအလွဲအချော်တွေ ကြုံရမလဲဆိုတာကို ရိုက်ပြထားပါတယ်။
ဇာတ်လမ်းအကြောင်း