Coffintooth
Coffintooth (2025) Slasher ရုပ်ရှင်ဝါသနာအိုးတွေအတွက် သီးသန့်ရည်ရွယ်ပြီး ရိုက်ကူးထားတဲ့ B-Movie စတိုင် Indie Slasher / Horror ကားတိုလေး ဖြစ်ပါတယ်။ Halloween ပွဲတော်အကြိုညရဲ့ အမှောင်ထုကြားထဲက သွေးပျက်စရာ လူသတ်ပွဲတွေကို သွေးရဲရဲနဲ့ ရိုက်ပြထားတာပါ။ ဇာတ်လမ်းကတော့ ဟောလိုဝင်းပွဲတော် မတိုင်ခင်အကြိုည မှာ စတင်ထားပါတယ်။ မြို့လေးတစ်မြို့မှာ ထူးဆန်းပြီး ကြောက်မက်ဖွယ်ကောင်းတဲ့ မျက်နှာဖုံးစွပ် သွေးအေးလူသတ်သမားတစ်ဦး ပေါ်ပေါက်လာပါတယ်။ သူဟာ သားကောင်တွေကို အရက်စက်ဆုံးနည်းလမ်းတွေနဲ့ အမဲလိုက်သတ်ဖြတ်တတ်တာကြောင့် သူ့ကို "Coffintooth" (ခေါင်းတလားသွား) လို့ အများက လူသိများကြပါတယ်။ ပွဲတော်ညရဲ့ ဆူညံသံတွေ၊ ဝတ်စုံဆန်းတွေ ဝတ်ဆင်ထားကြတဲ့ လူအုပ်ကြီးကြားထဲမှာပဲ... Coffintooth ဟာ ရောနှောပါဝင်ရင်းနဲ့ သူပစ်မှတ်ထားတဲ့ သားကောင်တွေကို တစ်ယောက်ပြီးတစ်ယောက် တိတ်တဆိတ် နောက်ယောင်ခံလိုက်ကာ သွေးအေးအေးနဲ့ အမဲလိုက်ပါတော့တယ်။ ဒီလူသတ်သမားဆိုးကြီးရဲ့ လက်ထဲကနေ ပစ်မှတ်ခံရသူတွေ ဘယ်လိုမျိုး အသက်လုထွက်ပြေးရမလဲ၊ ဒီဟောလိုဝင်းညက ဘယ်သူတွေအတွက် ကံဆိုးမယ့်ညမျိုးဖြစ်သွားမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမှာ ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း