The Convenience Store
The Convenience Store (2026) ဒီတစ်ခါ အသစ်ထွက်ရှိလာတဲ့ ဂျပန် Supernatural Horror ကတော့ သဲထိတ်ရင်ဖို ထူးဆန်းတဲ့ အဖြစ်အပျက်နောက်ခံ ဇာတ်လမ်းတွေကို နှစ်ခြိုက်တဲ့ ပရိသတ်တွေအကြိုက်ဖြစ်ပြီး လက်ရှိအချိန်ထိ IMDb 5.5/10 ရရှိထားပါတယ်။ ဒါရိုက်တာ Jirô Nagae ရဲ့လက်ရာဖြစ်ပြီး Kotona Minami ၊Terunosuke Takezai နဲ့ Tetta Seki တို့အဓိက ပါဝင်ထားကြပါတယ်။ ကုန်စုံဆိုင်မှာ ညဘက်အချိန်ပိုင်းအလုပ်လုပ်နေတဲ့ ကျောင်းသူလေးနဲ့ လူသတ်မှုရဲ့ကျူးလွန်သူ မရရအောင် စုံစမ်းထောက်လှမ်းမယ့်စုံထောက်တို့ ဘယ်လိုဆန်းကြယ်တဲ့ အဖြစ်အပျက်တွေ ကြုံရမလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ ရှုစားကြည့်လိုက်ရအောင်ပါ။ ဇာတ်လမ်းအကျဉ်း နေ့ည ၂၄နာရီဖွင့်တဲ့ ကုန်စုံဆိုင်မှာ ဖူနာဟာရှီနဲ့ ယုကီနိုတို့ဟာ ညဘက်အဆိုင်း တာဝန်ကို အချိန်ပိုင်း လုပ်နေကြပါတယ်။ သူတို့ အလုပ်လုပ်နေတဲ့ ကုန်စုံရဲ့ မန်နေဂျာ ဆူရူကာဝါတိုရှိရို ထူးဆန်းစွာ အသတ်ခံပြီး ရဲတွေ စုံထောင်တွေကလည်း ဒီအမှုကို လိုက်လံစုံစမ်းနေကြပါတယ်။ အသတ်ခံရသူရဲ့ နံဘေးမှာ Memory Card ၄ ကတ် ရှိနေပြီး အဲဒီထဲက မှတ်တမ်းတွေကတော့ အဖြေမထုတ်နိုင်တဲ့ ပဟေဠိ ဖြစ်နေပါတယ်။ ယုကီနိုဟာ မန်နေဂျာရဲ့ရုပ်အလောင်းကို တွေ့ခဲ့တဲ့အပြင် သူ့ဆီကိုပါ Memory Card တွေ တစ်ကတ်ပြီးတစ်ကတ် ထူးဆန်းစွာ ရောက်ရှိလာခဲ့ပါတယ်။ ဒါနဲ့ ယုကီနိုက ရဲတွေဆီကို Memory Card ၄ ကတ် ပေးပြီး သူသိသမျှကို သူကြုံတွေ့ရသမျှ ထူးဆန်းတဲ့အဖြစ်အပျက်တွေကို ထွက်ဆိုချက် ပေးခဲ့ပါတယ်။ သူ့လုပ်ဖော်ကိုင်ဖက် ဖူနာဟာရှီကတော့ ခေါင်းကို အရိုက်ခံရပြီး ဆေးရုံတင်လိုက်ရပါတယ်။ သေဆုံးသူတွေနဲ့ပတ်သက်ပြီး ဘယ်လိုမှ သဲလွန်စ မရနိုင်ဖြစ်နေတဲ့ စုံထောက် ဆာဝါတာရီက Memory Card ၄ ကတ်နဲ့ လူသတ်မှုတွေကို ဘယ်လိုအဖြေရှာသွားမလဲဆိုတာ... File Size - 1.1 GB/ 440 MB Quality - WEB-DL 1080p/ 720p Duration - 1h 24m Format - mp4 Genre - Horror Subtitle - Myanmar Subtitle (Hard Sub)
ဇာတ်လမ်းအကြောင်း