ဇာတ်ကားများ ရွေးရန်

The Jack in the Box

2019ဇာတ်ကားအမှတ် 5.9/1087 မိနစ်

Jack in the Box ဆိုတာ အဖုံးဖွင့်လိုက်ရင် စပရိန်တပ်ထားတဲ့ အရုပ်လေး ကန်ထွက်လာတဲ့ အရုပ်သေတ္တာပါ။ ဒီဇာတ်လမ်းထဲက နောက်ခံအကြောင်းအရတော့ စုန်းအတတ်ကျင့်သူတွေကို သေဒဏ်ပေးခဲ့တဲ့ခေတ်မှာ စုန်းပညာသည်တွေက လက်စားချေဖို့ အဲဒီလို သေတ္တာတွေထဲ နတ်ဆိုးတွေ ထည့်ထားခဲ့ကြတယ်။ အပြင်ပန်းမှာ လှပပြီး ဖွင့်ကြည့်ချင်စရာကောင်းပေမယ့် အထဲမှာတော့ လူပြက်အရုပ်နဲ့တူတဲ့ မကောင်းဆိုးရွား ရှိနေတယ်။ သေတ္တာကို ဖျက်ဆီးပစ်လို့လည်း မရပါဘူး။ တစ်ယောက်ယောက်က ဖွင့်လိုက်တာနဲ့ မကောင်းဆိုးရွားဟာ အပြင်ထွက်လာပြီး လူခြောက်ယောက်ကို သတ်ပြီးမှ သေတ္တာထဲ ပြန်ဝင်ပါတယ်။ လူ့အသက်တစ်သက်က သူ့ကို သေတ္တာထဲမှာ သုံးနှစ် အသက်ရှင်စေနိုင်တာကြောင့် တစ်ခါထွက်လာပြီးရင် ဆယ့်ရှစ်နှစ် နေနိုင်တယ်။ သိချင်စိတ်နဲ့ ဖွင့်ကြည့်သူတွေ အဆက်မပြတ်ရှိခဲ့လို့လည်း ရာစုအဆက်ဆက် ရှင်သန်လာနိုင်ခဲ့တာပါ။ သေတ္တာဖွင့်တဲ့သူတွေ ဆုတောင်းပြည့်တတ်တယ်လို့ ဆိုကြပေမယ့် ကံဆိုးမှုတွေနဲ့လည်း ကြုံရတယ်။ သမိုင်းတစ်လျှောက် ပေါ်လိုက်ပျောက်လိုက်ဖြစ်နေတဲ့ ဒီသေတ္တာက မြို့လေးတစ်မြို့ရဲ့ ပြတိုက်မှာ ရောက်လာပါတယ်။ ပြောင်းလာခါစ ပြတိုက်မှူးက မသိဘဲ ဖွင့်မိသွားပြီး နောက်ပိုင်းမှာ အထဲက မကောင်းဆိုးရွားအကြောင်း သိလာတယ်။ အဲဒီနောက် သူကိုယ်တိုင် တားဆီးဖို့ ကြိုးစားပေမယ့် အောင်မြင်နိုင်ပါ့မလား။

ဇာတ်လမ်းအကြောင်း