Romantic Killer
Romantikku Kirâ (2025) နာမည်ကျော် Anime ဇာတ်လမ်းတွဲကို Live action ပုံစံနဲ့ ဆန်းသစ်ပြီး ပြန်လည်အသက်သွင်းထားတဲ့ ဂျပန် Romantic Comedy (Rom-Com) ရုပ်ရှင်ကားဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ အထက်တန်းကျောင်းသူလေး Anzu Hoshino အကြောင်းကနေ စတင်ထားပါတယ်။ အန်ဇုဟာ တခြားမိန်းကလေးတွေလို အချစ်ရေး၊ ဖက်ရှင်တွေမှာ စိတ်မဝင်စားဘဲ... သူမဘဝရဲ့ အရေးကြီးဆုံးဖြစ်တဲ့ "ဗီဒီယိုဂိမ်းဆော့ခြင်း၊ ချောကလက်စားခြင်းနဲ့ ကြောင်လေးတွေနဲ့ အချိန်ဖြုန်းခြင်း" ဆိုတဲ့ ဝါသနာသုံးခုနဲ့တင် ဘဝကို လွတ်လပ်ပေါ့ပါးစွာဖြတ်သန်းနေသူ ဖြစ်ပါတယ်။ ဒါပေမဲ့ တစ်နေ့မှာတော့... ကမ္ဘာပေါ်က မွေးဖွားနှုန်း ကျဆင်းမှုကို စိုးရိမ်လို့ လူငယ်တွေကို ဖူးစာဆုံပေးဖို့ ရောက်ရှိလာတဲ့ "Riri" အမည်ရှိတဲ့ ထူးဆန်းတဲ့ ဖူးစာရှင် ဝိဇ္ဇာနတ်ကောင်လေး တစ်ကောင် အန်ဇုရဲ့ ရှေ့ကို ရောက်ရှိလာပါတော့တယ်။ ရီရီဟာ အန်ဇုရဲ့ အသည်းစွဲ ဝါသနာ ၃ ခုလုံးကို ပိတ်ပင်လိုက်ပြီး... သူမကို အချစ်စမ်းသပ်ချက်တစ်ခုထဲ ဇွတ်အတင်း မောင်းထည့်ပါတော့တယ်။ အန်ဇုရဲ့ ဘဝထဲကို ကောင်းကင်က ကျလာသလိုမျိုး ကောင်လေးချောချောလေးတွေ အစီအရီ ရောက်ရှိလာစေပြီး... ရုပ်ရှင်ဆန်ဆန် ရိုမန်တစ်အခြေအနေတွေ ဖြစ်လာအောင် ဖန်တီးပါတော့တယ်။ ဒါပေမဲ့ အချစ်ကို လုံးဝစိတ်မဝင်စားဘဲ ဂိမ်းပဲပြန်ဆော့ချင်နေတဲ့ အန်ဇုတစ်ယောက်... ဝိဇ္ဇာလေးရဲ့ ဖန်တီးမှုတွေကို "Romantic Killer" အဖြစ် ဘယ်လိုမျိုး အလွဲလွဲအချော်ချော် ဉာဏ်ဆင်ပြီး ဖျက်စီးမလဲဆိုတာကို comedy ဆန်ဆန် ရိုက်ပြထားပါတဲ့ ဂျပန်ရုပ်ရှင်လေးဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း