ဇာတ်ကားများ ရွေးရန်

Motion Detected

2022ဇာတ်ကားအမှတ် 4.9/1080 မိနစ်

အိမ်ဖောက်ထွင်းအကြမ်းဖက်မှုတစ်ခုမှာ အမျိုးသမီးနှစ်ယောက် သေဆုံးသွားပေမယ့် အဲဗာကတော့ အသက်ရှင်ကျန်ခဲ့ပါတယ်။ အဲဒီဖြစ်ရပ်နောက်ပိုင်းမှာ စိတ်ဒဏ်ရာနဲ့ သံသယလွန်ကဲမှုတွေ ခံစားနေရလို့ ကုသမှုခံယူနေရတယ်။ ခင်ပွန်း မီဂေးလ်က သူ့ကို ပတ်ဝန်းကျင်သစ်မှာ အနားယူနိုင်အောင် ကယ်လီဖိုးနီးယားက အိမ်တစ်လုံးဆီ ခေါ်လာပါတယ်။ အိမ်ကြီးက ကျယ်ဝန်းခမ်းနားပြီး ခေတ်မီပစ္စည်းတွေ တပ်ဆင်ထားတယ်။ အထူးသဖြင့် Diablo Controls ရဲ့ အဆင့်မြင့် AI လုံခြုံရေးစနစ်က အိမ်ဖောက်ထွင်းခံရဖူးတဲ့ အဲဗာအတွက် စိတ်ချရမယ်လို့ မီဂေးလ်က ယူဆထားပါတယ်။ အရင်နေခဲ့တဲ့ မိသားစု ပျောက်ဆုံးသွားတာက စိတ်ထဲ မတင်မကျဖြစ်စရာပေမယ့် ဒီအိမ်ကိုပဲ ငှားဖြစ်သွားကြတယ်။ ပြောင်းလာတဲ့ ပထမညမှာပဲ မီဂေးလ်က အလုပ်ကိစ္စနဲ့ မြို့ဟောင်းဆီ ပြန်သွားရတော့ အဲဗာဟာ သုံးထပ်အိမ်ကြီးထဲမှာ တစ်ယောက်တည်း ကျန်ခဲ့ပါတယ်။ သူ့ကို ကာကွယ်ပေးမယ်ထင်ထားတဲ့ စနစ်ကြားမှာ ဘာတွေနဲ့ ရင်ဆိုင်ရမလဲဆိုတဲ့ သည်းထိတ်ရင်ဖိုကားပါ။

ဇာတ်လမ်းအကြောင်း