ဇာတ်ကားများ ရွေးရန်

Stop! Or My Mom Will Shoot

1992ဇာတ်ကားအမှတ် 5.3/1087 မိနစ်

ကဲကဲ ဒီတစ်ခါမှာတော့ မာမားရဲ့ဘွိုင်း မဟုတ်ဘဲနဲ့ ဘွိုင်းရဲ့မာမား ဟာသကားကို တင်ဆက်ပေးမယ်နော် ဇာတ်လမ်းအကျဉ်း တည်တည်တံ့တံ့ နေတတ်တဲ့ ရဲစုံထောက် ဂျိုး မှာဆိုရင် တူတီ ဆိုတဲ့ အမေ တစ်ယောက်ရှိပါတယ်။ တစ်နေ့မှတော့ တူတီဟာ သားဖြစ်သူ ဂျိုး ဆီ အလည်လာရာကနေ အသက်အရွယ်ရပြီးသား သားဖြစ်သူကို ကလေးတစ်ယောက်လို သဘောထားပြီး သူ့ရဲ့ အဝတ်အစား၊ အစားအသောက်ကအစ လိုက်လံစီမံပေးတတ်ရုံတင်မက ဂျိုးရဲ့ ချစ်သူလည်းဖြစ်၊ အထက်လူကြီးလည်းဖြစ်တဲ့ ဂွမ် နဲ့ ပတ်သက်ပြီးတော့လည်း ဝင်ရောက်စွက်ဖက်တာကြောင့် ဂျိုးတစ်ယောက် အတော်လေး စိတ်ညစ်ရပါတော့တယ်။ တူတီ ဟာ သားဖြစ်သူကို လက်ဆောင်အဖြစ်ပေးဖို့ သေနတ်အသစ်တစ်လက် သွားဝယ်ရာကနေ မတော်တဆ လက်နက်မှောင်ခိုဂိုဏ်းရဲ့ လူသတ်မှုကြီးတစ်ခုကို မျက်မြင်တွေ့ရှိသွားပါတော့တယ်။ အမှုရဲ့ တစ်ဦးတည်းသော သက်သေဖြစ်လာတဲ့ အမေဖြစ်သူ တူတီဟာ သားဖြစ်သူ ဂျိုးရဲ့ အမှုစုံစမ်းရေးတွေထဲမှာ ဇွတ်အတင်း လိုက်ပါကူညီရင်း ရာဇဝတ်ကောင်တွေကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ပါတော့တယ်။ စိတ်တိုလွယ်တဲ့ သားဖြစ်သူ ရဲစုံထောက်နဲ့ အေးဆေးတည်ငြိမ်ပြီး သားကို ကာကွယ်ချင်တဲ့ အမေတို့ သားအမိနှစ်ယောက် လက်နက်မှောင်ခိုဂိုဏ်းကို ဘယ်လိုမျိုး အလွဲပေါင်းများစွာနဲ့ နှိမ်နင်းသွားမလဲဆိုတာကို ရယ်မောပျော်ရွှင်စွာ ကြည့်ရှုရမှာဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း