ဇာတ်ကားများ ရွေးရန်

Salmokji: Whispering Water

2026ဇာတ်ကားအမှတ် 6.5/1096 မိနစ်

Salmokji: Whispering Water (2026) IMDb Rating (6.5) 2003 ခုနှစ်ထွက် A Tale of Two Sisters ရဲ့ ၂၃ နှစ်ကြာ record ကို ကျော်ပြီး ကိုးရီးယားရုပ်ရှင် သမိုင်းတစ်လျှောက်မှာ လူကြည့်အများဆုံး Horror ရုပ်ရှင်အဖြစ် စံချိန်တင်သွားတဲ့ ရုံတင်သရဲကားသစ်ကြီးကို တင်ဆက်ပေးလိုက်ပါပြီ။ နာမည်ကြီး Midnight Horror Story အစီအစဉ်မှာလည်း ထည့်သွင်းဖော်ပြခံရဖူးသလို သရဲခြောက်တဲ့နေရာအဖြစ် နာမည်ကြီးတဲ့ "ဆားလ်မို့ဂျီ ရေလှောင်ကန်"အကြောင်းကို နောက်ခံထား ရိုက်ကူးထားပြီး Lovely Runner ထဲက မင်းသမီး Kim Hye-Yoon, Knight Flower ထဲက မင်းသား Lee Jong-Won, Good Partner ထဲက မင်းသား Kim Jun-Han, Pyramid Game ထဲက မင်းသမီး Jang Da-A တို့ အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ - ဇာတ်လမ်းအကျဉ်း - ထူးဆန်းတဲ့ ကောလာဟလတွေ မပြတ်ထွက်နေပြီး လူသူအပျောက် အရမ်းများတဲ့ ဆားလ်မို့ဂျီ ရေလှောင်ကန်ရဲ့ လမ်းမြင်ကွင်းမှာ ရိုက်ကူးဖူးခြင်းမရှိဘဲ ပေါ်လာတဲ့ ကြက်သီးထဖွယ် ပုံရိပ်တစ်ခု... ဖြစ်ချင်တော့ ရိုက်ကူးရေးတာဝန်ခံ (Kim Jun-Han) ကလည်း ဆားလ်မို့ဂျီကနေ ပြန်ရောက်လာပြီးတဲ့နောက် အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေပြီး ဒီနေ့အတွင်း လမ်းမြင်ကွင်းကို update လုပ်နိုင်ဖို့အတွက် ပြန်လည် ရိုက်ကူးလာဖို့လည်း မဖြစ်မနေ လိုအပ်နေတာကြောင့် On Road Media ကုမ္ပဏီက ပီဒီ ဟန်ဆူအင်း (Kim Hye-Yoon) ဦးဆောင်တဲ့ ရိုက်ကူးရေးအဖွဲ့က ဆားလ်မို့ဂျီ ရေလှောင်ကန်ဆီ ဦးတည် ထွက်ခွာလာခဲ့ရာ မှောင်မည်းနက်ရှိုင်းတဲ့ ရေအောက်မှာ ပုန်းအောင်းနေတဲ့ တစ်စုံတစ်ရာက သူတို့ကို စောင့်ကြိုနေတဲ့အခါမှာတော့.... လူကို အရမ်း ဖမ်းစားတတ်တယ်ဆိုတဲ့ ရေသရဲရှိနေတဲ့ နေရာကိုမှ ခြေချမိသွားကြတဲ့ ဆူအင်းတို့အဖွဲ့က တကယ်ပဲ ရိုက်ကူးရေးကို ချောချောမွေ့မွေ့ အပြီးသတ်ပြီး အသက်ရှင်လျက် ပြန်ထွက်လာနိုင်ပါ့မလားဆိုတာကို အခုပဲ ကြည့်ရှုလိုက်ကြပါဦး။ File Size : 1.65GB/ 740MB Quality : WEB-DL 1080p/ 720p Format : mp4 Duration : 1hr 35m Genre : Thriller, Mystery, Horror Subtitle : Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း