ဇာတ်ကားများ ရွေးရန်

Food Truck: Stolen Love... and Moo Deng

2025ဇာတ်ကားအမှတ် 5.8/10105 မိနစ်

ခွန်ထိုင်းဖန်တွေအတွက် ဒီတစ်ခါတော့ ပိတ်ရက်မှာ စိတ်ညစ်စရာတွေမေ့ပြီး အမုန်းရယ်ရမဲ့ Thai Comedy-Romance ကားသစ်လေးတစ်ကားကို ညွှန်းပေးချင်ပါတယ်။ ဒီကားရဲ့ အသက်က ဘယ်သူတွေလဲဆိုရင်တော့ ပြောနေစရာတောင်မလိုပါဘူး။ Admin တို့ရဲ့ အသည်းကျော် မင်းသားချောကြီး Mario Maurer ခေါင်းဆောင်ပါဝင်ထားတာပါ။ သူနဲ့အတူတူ အမြဲတမ်း အလွဲတွေလုပ်တတ်တဲ့ နာမည်ကြီး ဟာသသရုပ်ဆောင် Jack Fanchan ရယ်၊ ချစ်စရာကောင်းတဲ့ မင်းသမီးလေး Yulee Choi တို့က အချိုးကျကျ ပေါင်းစပ်ပေးထားတော့ သရုပ်ဆောင်ပိုင်းကတော့ အမှတ်အပြည့်ပဲဗျာ။ ဇာတ်လမ်းအကျဉ်းလေးကတော့... Food Truck ကားလေးတစ်စီးနဲ့ ဘဝကို အေးအေးလူလူ ဖြတ်သန်းနေတဲ့ သူတို့တွေကြားထဲကို မျှော်လင့်မထားတဲ့ ပြဿနာတွေ ဝင်လာခဲ့ပါတော့တယ် ဘယ်ကမှန်းမသိတဲ့ ကိုရီးယားကောင်လေး ဆာရန်းက သူတို့ကားပေါ်ရောက်ချလာတဲ့အတွက်ပါ ဖြစ်ချင်တော့ ဆာရန်းက မာမြောင်ရဲ့ မေ့မရနိုင် မုမအွန်နိုင်တဲ့ ရည်းစားဟောင်းမီရီရဲ့သားဖြစ်တဲ့အတွက် မြောင်ရဲ့သူငယ်ချင်းတွေက ဆာရန်းကို မြောင့်သားလို့ ထင်နေကြတာပါပဲ။ ဒီတော့ သူတိုဆာရန်းကိုပြန်ပို့ဖို့အလုပ် ဘာတွေ ဗရုတ်သုတ်ခကြုံရမလဲ။ ထိုင်းက လူတိုင်းအချစ်တော် မူဒန်ဆိုတဲ့ ရေမြင်းလေးကရော ဘယ်နေရာက ပါဝင်လာမလဲ။ Thai Rom-Com တွေရဲ့ ထုံးစံအတိုင်း ဗိုက်နှိပ်ရယ်ရမယ့် အခန်းတွေရော၊ ရင်ခုန်စရာကောင်းတဲ့ အချစ်ရေးလေးတွေကိုပါ ကြည့်ရှုရမှာမို့ ပေါ့ပေါ့ပါးပါးနဲ့ စိတ်အပန်းဖြေချင်သူတွေအတွက် ကွက်တိပါပဲ။ Comedy ကားဖြစ်ပေမယ့် IMDb Rating 6.1/10 အထိ ရရှိထားတာမို့ ခုပဲ ကြည့်ရှုခံစားလိုက်ရအောင်ပါ။

ဇာတ်လမ်းအကြောင်း