ဇာတ်ကားများ ရွေးရန်

Lesbian Space Princess

2025ဇာတ်ကားအမှတ် 6.5/1087 မိနစ်

Lesbian Space Princess (2025) LGBTQ+ Community ကို ကိုယ်စားပြုထားတဲ့ ကာတွန်းရုပ်ရှင် Adult Animated / Sci-Fi Comedy ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ခေတ်သစ်လူမှုကွန်ရက် ယဉ်ကျေးမှုတွေ၊ ခွဲခြားဆက်ဆံမှုတွေနဲ့ ခေတ်ပေါ်အသုံးအနှုန်းတွေကို Sci-Fi ကမ္ဘာနောက်ခံ သုံးပြီး ဇာတ်လမ်းထဲမှာ ခနဲ့တဲ့တဲ့ သရော်ထားတာမို့ လူငယ်တွေအကြိုက် တွေးပြီး ရယ်ရမယ့် ဟာသမျိုးတွေ ပါဝင်ပါတယ်။ ဇာတ်လမ်းကတော့ စကြာဝဠာထဲက ဂြိုဟ်တစ်ခုပေါ်မှာ သုခဘုံလို လုံလုံခြုံခြုံ ကြီးပြင်းလာခဲ့ရတဲ့ ဂြိုဟ်မင်းသမီးလေး Space Princess အကြောင်းပါ။ တစ်နေ့မှာတော့ သူမရဲ့ အေးချမ်းလှတဲ့ ဘဝလေးဟာ ဇောက်ထိုးမိုးမျှော် ဖြစ်သွားပါတော့တယ်။ အကြောင်းကတော့ကြေးစားမုဆိုးဖြစ်တဲ့ သူမရဲ့ ရည်းစားဟောင်း ကောင်မလေးဟာ စကြာဝဠာရဲ့ နာမည်ကြီး လူဆိုးအုပ်စုဖြစ်တဲ့ "Straight White Maliens" ( စထရိုက်လူဖြူဂြိုဟ်သားများ ) တွေရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရလို့ပါပဲ။ မိန်းကလေးချင်း စိတ်ဝင်စားတဲ့ မင်းသမီးလေးဟာ သူမရဲ့အေးဆေးတဲ့ ဘဝထဲကနေ ရုန်းထွက်ပြီး... စကြာဝဠာအနှံ့ ခရီးနှင်ကာ ဂြိုဟ်သားဆိုးတွေရဲ့ လက်ထဲကနေ ရည်းစားဟောင်းကို ကယ်တင်ဖို့အတွက် ရယ်စရာ၊ အလွဲအချော်တွေ ပြည့်နှက်နေတဲ့ စွန့်စားခန်းကြီးကို ဆင်နွှဲရပါတော့တယ်။

ဇာတ်လမ်းအကြောင်း