ဇာတ်ကားများ ရွေးရန်

Old Bandits (Aka) Velhos Bandidos

2026ဇာတ်ကားအမှတ် 6.8/1093 မိနစ်

Velhos Bandidos (2026) ဒီဇာတ်လမ်းကတော့ အဘိုးကြီး အဘွား‌ကြီးတွေကို အထင်သေးပြီး ငွေခိုးဖို့ ဂွင်ဆင်မှ သူတို့က ကိုယ့်ထက် ခြေလှမ်းဆယ်လှမ်းကြိုမြင်ပြီး ကိုယ်ချည်းပဲ လှိမ့်ခံရတဲ့ ဟာသ‌ကားပါ။ Casts တွေအနေနဲ့ကတော့ Central Station (1998) နဲ့ အော်စကာ nomination ဝင်ဖူးတဲ့ Fernanda Montenegro နဲ့ Blue Beetle (2023) က ဇာတ်ဆောင် Bruna Marquezine အပြင် တခြားနာမည်ကြီး ဘရာဇီးသရုပ်ဆောင်တွေ အများကြီးပါဝင်ပါတယ်။ ဇာတ်လမ်းအကျဉ်း Marta နဲ့ Rodolfo က အေးအေးချမ်းချမ်း နေနေကြတဲ့ အငြိမ်းစား သက်ကြီးရွယ်အို လင်မယားနှစ်ယောက်ပေါ့။ တစ်နေတော့ သူတို့ အပန်းဖြေခရီးထွက်မယ်လို စီစဉ်ပြီး အိတ်တွေထုပ်ထည့်ပြီး ထွက်သွားကြတယ်။ ဒါပေမယ့် အရေးကြီးတဲ့ စာရွက်တစ်ခုကို အိမ်မှာမေ့ထားခဲ့တာ သိလိုက်တော့ ပြန်လာခဲ့ကြတယ်။ အိမ်ပြန်ရောက်တဲ့အခါမှာတော့ သူတို့ရဲ့ အိပ်ခန်းထဲမှာ Nancy နဲ့ Sid ဆိုတဲ့ လူငယ်နှစ်ယောက် သူတို့မီးခံသေတ္တာကို ဖောက်ဖို့ကြိုးစားနေတာကို လက်ပူးလက်ကြပ် ဖမ်းမိသွားလေရဲ့။ ဒါပေမယ့် အံ့ဩစရာကောင်းတဲ့ ဇာတ်ကွက်အလှည့်အပြောင်းကြီးတစ်ခုကတော့… Marta နဲ့ Rodolfo တို့က တကယ်တော့ အရမ်းကျွမ်းကျင်တဲ့ အငြိမ်းစား နာမည်ကြီး လုယက်သမားတွေ ဖြစ်နေတာပါပဲ။ အဲ့ဒီမှာ အဘိုးကြီးအဘွားကြီး လင်မယားက Nancy နဲ့ Sid ကို ရဲလက်ထဲအပ်မယ့်အစား၊ အဲဒီလူငယ်နှစ်ယောက်ကို အခွင့်အရေးတစ်ခုအနေနဲ့မြင်ပြီး သန်းပေါင်းများစွာရမဲ့ ဘဏ်ဓားပြတိုက်မှုအကြံအစည်ထဲ သူတို့ကို တစ်ခါတည်း ပူးပေါင်းဖို့ အကြံပေးကြပါတော့တယ်။ File size… (1.9 GB) / (930 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. ‌Action, Comedy, Crime Duration…. 01:33:00 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း