ဇာတ်ကားများ ရွေးရန်

Dream Theatre

2025ဇာတ်ကားအမှတ် 7.9/1085 မိနစ်

Dream Theatre (2025) IMDb Rating (7.9) ကိုယ့်အိပ်မက်တွေကို နိုးလာတဲ့အခါ ဗီဒီယိုဖိုင်အနေနဲ့ ပြန်ကြည့်လို့ရရင် ဘာဖြစ်မလဲဆိုတဲ့ စိတ်ဝင်စားစရာကောင်းတဲ့ သိပ္ပံစိတ်ကူး Concept ကို အခြေခံထားလို့ Sci-Fi- Thriller ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ အောင်မြင်တဲ့ Graphic Designer အမျိုးသမီးငယ်တစ်ဦးဖြစ်သူ Margot အကြောင်းကနေ စတင်ထားပါတယ်။ Margot ဟာ ညတိုင်းလိုလို အကြောင်းရင်းရှာမရဘဲ ထပ်တလဲလဲ ဖြစ်ပွားနေတဲ့ အိပ်မက်ဆိုးနဲ့ အမြဲကြားနေရတဲ့ အသံကြီးတစ်ခုကြောင့် စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ အတော်ထိခိုက်နေသူဖြစ်ပါတယ်။ တစ်နေ့မှာတော့ သူမဟာ အိပ်ပျော်နေစဉ်မက်တဲ့ အိပ်မက်တွေကို စက်ပစ္စည်းတွေနဲ့ ပြန်လည်မှတ်တမ်းတင် ပေးနိုင်တဲ့ "Dream Theatre" ဆိုတဲ့ စမ်းသပ်စဲနည်းပညာစတင်ထူထောင်စ ကုမ္ပဏီ တစ်ခုအကြောင်းကို သိရှိသွားပါတော့တယ်။ ညဘက် ဘာကြောင့် ဒီလိုအိပ်မက်ဆိုးတွေ မက်နေရလဲဆိုတဲ့ အရင်းအမြစ် အကြောင်းတရားကို ရှာဖွေဖော်ထုတ်ဖို့အတွက် မားဂေါ့ဟာ အဲဒီနည်းပညာကို အသုံးပြုဖို့ ဆုံးဖြတ်လိုက်ပါတယ်။ သူမရဲ့ အိပ်မက်တွေကို ဗီဒီယိုပြန်ရိုက်ပြီး အဖြေရှာရင်း... အိပ်မက်ဆိုးကြီးရဲ့ နောက်ကွယ်က လျှို့ဝှက်ချက်နဲ့ ကြောက်စရာဖြစ်ရပ်တွေကို သိရှိသွားတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်သွားမလဲဆိုတာကို ကြည့်ရှုရမယ့် ကားကောင်းတစ်ကားဖြစ်ပါတယ်။ File size… (2 GB) / (1 GB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Horror,Science Fiction,Thriller Duration…. 01:26:17 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း